Latest News

Wednesday, February 14, 2018

ဂင်းနက်စ်မှတ်တမ်းဝင်မြန်မာနိုင်ငံမြေပုံ

ဂင်းနက်စ်မှတ်တမ်းဝင်မြန်မာနိုင်ငံမြေပုံ

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်က မကွေးမြို့ရှိ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ ပုံဖော်ခဲ့သည့် အရွယ်အစားအကြီးဆုံးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင် မြန်မာနိုင်ငံ မြေပုံကို တွေ့ရစဉ်။

ကမ္ဘာ့အကြီးဆုံး နိုင်ငံမြေပုံအဖြစ် ဂင်းနက်စ်စံချိန်သစ်ဝင်နိုင်ခဲ့ပြီ
======================================

နေပြည်တော်  ဖေဖော်ဝါရီ   ၁၄
ပြည်ထောင်စုနေ့က  မကွေးမြို့  ခရိုင်အားကစားကွင်း၌  ကမ္ဘာ့စံချိန်သစ်အတွက် လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံမြေပုံအဖြစ်  မြန်မာနိုင်ငံမြေပုံအား လူပေါင်း ၃၄၆၆ ဦးဖြင့် ကြိုးပမ်းခဲ့ရာ လွန်ခဲ့သည့်  နှစ်နှစ်က   ယူကေ၌   လူပေါင်း ၈၁၁ ဦးဖြင့် ပြုလုပ်ခဲ့သည့် က္ဘာ့စံချိန်ကို ပါဝင်သူအရေအတွက် လေးဆခန့် ပိုမို များပြားစွာဖြင့် အောင်မြင်စွာ ကျော်ဖြတ်ကာ စံချိန်သစ်  ဝင်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံမြေပုံအဖြစ် မြန်မာနိုင်ငံမြေပုံကို ပုံဖော်ပြီး ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေး ကြိုးပမ်းမှုကို ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့ အစည်းက အတည်ပြုပေးလိုက်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ဂင်းနက်စ် ကမ္ဘာ့စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းကြိုးပမ်းမှုတွင် ပါဝင်ခဲ့သော မြန်မာ နိုင်ငံသူ နိုင်ငံသားပေါင်း ၃၄ဝဝ ကျော်သည်လည်း ဂင်းနက်စ်ကမ္ဘာ့စံချိန်ချိုးနိုင်သူ များ ဖြစ်လာခဲ့ပြီဖြစ်သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ပံ့ပိုးကူညီမှုဖြင့်   တယ်လီနောမြန်မာက ဦးဆောင်ကာ ဖေဖော်ဝါရီ ၁၂ ရက်က မကွေးမြို့ ခရိုင်အားကစားကွင်း၌ ပြုလုပ် ခဲ့သော  ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေး  ကြိုးပမ်းမှုတွင်   တက္ကသိုလ်နှင့်ကောလိပ် ကျောင်းသား ကျောင်းသူများ၊ ဌာနေပြည်သူ ပြည်သားများနှင့် တယ်လီနောဝန်ထမ်း များ စုစုပေါင်း ၃၄၆၆ ဦး က စတုရန်းပေ ၂၄၈ဝ၄ အကျယ်အဝန်းရှိ မြန်မာနိုင်ငံ မြေပုံကြီးကို   စုပေါင်းပုံဖော်ခဲ့ကြခြင်းဖြစ်သည်။  ယင်းကြိုးပမ်းမှုအခမ်းအနားကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တယ်လီနောမှ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး စံချိန်ချိုးရန် ကြိုးပမ်းမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနေပြည်သူ ပြည်သားများနှင့်အတူ ဆက်လက်အားပေးခဲ့သည်။

ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့အစည်း၏ အတည်ပြုချက်အရ ၂ဝ၁၆ ခုနှစ်က ယူကေ နိုင်ငံ၌Belron International က ဦးဆောင်ကာ လူပေါင်း ၈၁၁ ဦးဖြင့် အာဖရိက တိုက်  ပုံဖော်ခဲ့သည့်စံချိန်ကိုချိုးရန်   မြန်မာနိုင်ငံက ကြိုးပမ်းရာတွင်  အတိအကျ လိုက်နာရန်လိုအပ်သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီပြီး တရားဝင် စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့် ပူးပေါင်း လျက်   မြန်မာနိုင်ငံအတွက်  ဂုဏ်ယူစရာ သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ရန် ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့ လူပေါင်းများစွာဖြင့် ကမ္ဘာ့အကြီးဆုံး မြေပုံ ပုံဖော်၍ ကမ္ဘာ့စံချိန်သစ်တစ်ခုတင်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနေ့မှာ ပြည်သူလူထုရဲ့ တစ်ခဲနက်ပါဝင်မှုနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ် တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ၊ ဒီကြိုးပမ်းမှုကို ဦးဆောင်ခွင့်ရခဲ့တဲ့အတွက် တယ်လီနော မြန်မာအနေနဲ့ တကယ်ကို ဝမ်းမြောက်ဂုဏ်ယူပါတယ်၊ ဒီလို စံချိန်သစ်တင်နိုင်တဲ့ ကြိုးပမ်းမှုက ပြည်ထောင်စုနေ့ကို အထူးဂုဏ်ပြုတဲ့ပွဲလည်း ဖြစ်သလို ပြည်သူအများရဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်''ဟု    တယ်လီနောမြန်မာ၏   ဒေသဆိုင်ရာ စီးပွားရေးတာဝန်ခံ ဦးရေချမ်းက ပြောသည်။

အဆိုပါ ဂင်းနက်စ်ကမမ္ဘာ့စံချိန်သစ်သည် မြန်မာနိုင်ငံအတွက် လူအများစု၏ ပါဝင် မှုဖြင့် ကြိုးပမ်းခဲ့သော ပထမဆုံးစံချိန်လည်း ဖြစ်သည်။ ယခင်က ရယူခဲ့ဖူးသည့် ကမ္ဘာ့ စံချိန်များမှာ တစ်သီးပုဂ္ဂလနှင့်သာ သက်ဆိုင်သော စံချိန်များဖြစ်ပြီး အထင်ရှားဆုံး မှာ   မှတ်ဉာဏ်အကောင်းဆုံးလူပုဂ္ဂိုလ်အဖြစ်  ၁၉၈၅ ခုနှစ်က  စံချိန်တင်ခဲ့သော  မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရ ဖြစ်သည်။                            
 ခင်ရတနာ(မြန်​မာ့အလင်း)

No comments:

Post a Comment