Latest News

Wednesday, February 7, 2018

မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇ ဘဏ် လုယက်မှုတွင် မသင်္ကာသူ အမျိုးသား သုံးဦးကို စစ်ဆေး

မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇ ဘဏ် လုယက်မှုတွင် မသင်္ကာသူ
အမျိုးသား သုံးဦးကို စစ်ဆေး

မြစ်ကြီးနား  ဖေဖော်ဝါရီ  ၇

မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေး (၁) အပေါ်ထပ်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘောဇ မီနီဘဏ်လုယက်မှုတွင် မသင်္ကာသူ အမျိုးသားသုံးဦးအား ရမန်ယူ၍ စစ်ဆေးနေကြောင်း မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှ သိရသည်။

''ဘဏ်လုယက်မှုမှာ  မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်က  မသင်္ကာတဲ့ အမျိုးသား သုံးယောက်ကို ရမန်(ချုပ်မိန့်)ယူပြီး စစ်ဆေးနေပါတယ်''ဟု မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှ တပ်ကြပ် ကိုသက်နိုင် ကပြောသည်။

အဆိုပါ အမျိုးသားသုံးဦးကို ဇန်နဝါရီ ၂၈ ရက်၊   ဖေဖော်ဝါရီ  ၁ ရက်နှင့် ဖေဖော်ဝါရီ  ၄ ရက်တို့တွင်  မြို့မရဲစခန်းက  ရမန်ယူစစ်ဆေးလျက်ရှိ ကြောင်း၊  အသေးစိတ်အချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏  စာရင်းများအရ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်းတွင် ကချင်ပြည်နယ်အတွင်း၌ လုယက်မှု သုံးမှု ဖြစ်ပွားခဲ့ပြီး ရဲစခန်းများသို့လာရောက်တိုင်ကြားထားခြင်းမရှိသော လုယက်မှု များလည်း မြစ်ကြီးနားမြို့၏ ရပ်ကွက်တိုင်းလိုလိုတွင် ဖြစ်ပွားနေကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိနေရသည်။ မင်းမင်းဦး(​ကြေးမှုံ)

No comments:

Post a Comment