ရှမ်းတိုင်းရင်းသားများ ရိုးရာအကပဒေသာကပွဲနှင့် အစားအစာရောင်းချပွဲ ရန်ကုန်၌ စည်ကားစွာကျင်းပ
ရန်ကုန် ဖေဖော်ဝါရီ ၇
(၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ရှမ်းတိုင်း ရင်းသားများ ရိုးရာအကပဒေသာကပွဲနှင့် အစားအစာ ရောင်းချ ပွဲကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ရှမ်းတိုင်းရင်းသားများ နှင့်အတူ ရန်ကုန်မြို့နေ တိုင်းရင်းသားညီအစ်ကို ပြည်သူများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ညနေ ၆ နာရီတွင် ရှမ်း၊ ပအိုဝ်း၊ လားဟူ၊ ဓနု၊ အင်း၊ တအာင်း (ပလောင်)၊ ကိုးကန့်တို့မှ တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအ¸များက တိုးနရား၊ ကိန္နရီ၊ ကိန္နရာအကများဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့ သော (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာကို ရှမ်းပြည်နယ်နေ့ ဖြစ်မြောက်ရေး ကော်မတီ (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းအောင်မြင့်ခိုင်က ဖတ်ကြားပြီး ဥက္ကဋ္ဌ စဝ်သီတာထွေးက ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို ပြောကြားသည်။
ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်ကို ကျင်းပရာ တိုက်ကြီး ရှမ်းယဉ်ကျေးမှုအဖွဲ့၊ ဓနုတိုင်းရင်းသားယဉ်ကျေး မှုအဖွဲ့၊ ထုင့်မောဝ်းအသင်း၊ သီပေါအသင်း၊ အင်းသားအသင်း ယဉ်ကျေးမှုအဖွဲ့၊ လားဟူယဉ်ကျေးမှုအဖွဲ့၊ လားရှိုးအသင်း၊ ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)၊ ကျောက်မဲ အသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်)၊ တအာင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၊ ရှမ်းတိုင်းရင်းသား တေးသံရှင် များနှင့်Myanmar Idol အစီအစဉ်မှ အဆိုတော်များက တေးသီချင်းများကို သီဆိုပေးပြီး ရိုးရာအကများကို အဖွဲ့လိုက် အလှည့်ကျဖျော်ဖြေ တင်ဆက်ကြသည်။ ယနေ့ အခမ်းအနားတွင် ရိုးရာစားသောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင် များကို ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ -တင်စိုး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment