Latest News

Monday, February 19, 2018

သမီလေးကို သတိရတာပေါ့ - ဆရာလေး ဒေါ်နန္ဒာမာလာ (ထက်ထက်မိုးဦး)

သမီလေးကို သတိရတာပေါ့ - ဆရာလေး ဒေါ်နန္ဒာမာလာ (ထက်ထက်မိုးဦး)

သားသမီး ကို သတိမရတဲ့ မိဘဆိုတာ မရှိပါဘူး ၊ သမီးလေးကို သတိရသလို  ကျောင်းပိတ်ရင် သမီးလေးနဲ့တွေ့ဖို့ မျှော်လင့်နေပါတယ် လို့ ဆရာလေး ဒေါ်နန္ဒာမာလာ (ထက်ထက်မိုးဦး) က MC သို့ပြောပါတယ်။

“သမီးလေးကို ဆရာလေး က သတိရတာပေါ့ ။ ဘယ်သားသမီးကမှ မိဘကို သတိမရဘူး၊ ဘယ်မိဘကမှ သားသမီးကို သတိမရဘူး ဆိုတာ ထုံးစံမရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာလေးက အားလုံးကို မေတ္တာပို့သပေးပါတယ် ။ ဆရာလေး အမြဲတမ်း တရားအားထုတ်ပြီး အချိန်ရရင် ရသလို အားလုံးကိုမေတ္တာပို့ပေးပါတယ်။ သမီးလေးနဲ့ ခွဲနေရတာတော့ ကြာပါပြီ။ အခုသမီးက ကျောင်းဖွင့်နေတော့ ကျောင်းတတ်နေရတာပေါ့ ။ အရာရာ အကုန်လုံးကတော့ သူ့အကြောင်းနဲ့ သူပါလာပြီးသားပါ။  သမီးလေးကျောင်းပိတ်ရင်တော့ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ သူတို့အင်္ဂလိပ်ကျောင်းတွေက (၇) လပိုင်းလောက်တော့ပိတ်မယ်။ သင်္ကြန်တွင်းလည်း ပိတ်ဦးမှာပါ။ အသည်းနှလုံးရှိကြတာပဲဆိုတော့ သတိရတာ၊ ချစ်ကြတာ ၊ မုန်းကြတာ အမျိုးစုံရှိကြတာပဲ ။ ဆရာလေးအနေနဲ့ကတော့ သာသနာပြုနေတဲ့အချိန်မှာ ချစ်သည်၊မုန်းသည် မရှိသလို သတိရခြင်း ၊ မေ့နိုင်ခြင်းဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေကြတော့လည်း စိတ်ဆိုတဲ့ အမျိုးက မလွန်ဆန်နိုင်တာတွေ ၀င်လာတာပေါ့နော် ။ ဒါပေမယ့် အရာရာ အကုန်လုံးကို တရားနဲ့ပဲဖြေဆိုတဲ့သဘောတရားနဲ့ ဆရာလေးလည်း ကျင့်ကြံအားထုတ်ရတာပေါ့ ” လို့ သူကပြောပါတယ်။ Myanmar Celebrity

No comments:

Post a Comment