Latest News

Thursday, February 8, 2018

ရဲတပ်သားက အချုပ်သားကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်

ရဲတပ်သားက အချုပ်သားကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်

ရဲတပ်သားတစ်ဦးက အချုပ်သားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်မှု
ညောင်လေးပင်မြို့မှာဖြစ်ပွားခဲ့ပါတယ်။

ဖေဖော် ဝါရီလ(၉)ရက် မနက်(၁၀)နာရီခွဲဝန်းကျင်က ညောင်လေးပင်မြို့မရဲစခန်းက ရဲတပ်သား နိုင်ထူးအောင်ဟာ အချုပ်သားဖြစ်သူ ဇေယျာဦးကိုသေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ညောင်လေးပင်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် အချုပ်သားဖြစ်သူဟာ လက်မောင်းမှာ ဒဏ်ရာရရှိသွားပြီး ညောင်လေးပင်ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို အသေးစိတ်စုံစမ်းနေတယ် လို့လည်း ပြောပါတယ်။အချုပ်သား ဇေယျာဦးဟာ ပြည်ပအလုပ်အကိုင်ပုဒ်မ ၂၆နဲ့ တရားစွဲဖမ်းဆီးခံထားရသူဖြစ်ပါတယ်။

သတင်း - ဖြိုးကိုလင်း(ညောင်ဝိုင်း)(5 Plus News)

No comments:

Post a Comment