Latest News

Wednesday, February 14, 2018

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးရုံးထုတ်၊ တရားလိုပြသက်သေတစ်ဦးစစ်ဆေး

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးရုံးထုတ်၊ တရားလိုပြသက်သေတစ်ဦးစစ်ဆေး

ရန်ကုန်  ဖေဖော်ဝါရီ  ၁၄

မြန်မာနိုင်ငံ   အစိုးရလျှို့ဝှက်ချက်   အက် ဥပဒေဖြင့်    တရားစွဲဆို   ခံထားရသော ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်     သက်ဦးမောင်(ခေါ်) ဝလုံးနှင့်   ကျော်စိုးဦး(ခေါ်)မိုးအောင်တို့ နှစ်ဦးကို  ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန် မြောက်ပိုင်းခရိုင်  တရားရုံး၌   ရုံးထုတ် လာခဲ့ပြီး  အမှုနှင့်ပတ်သက်သည့် တရား လိုပြသက်သေ၂၅  ဦးထဲမှ လေးဦးမြောက် တရားလိုပြသက်သေကို   စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း    အဆိုပါ    တရားရုံးမှ သိရသည်။ ယနေ့ရုံးထုတ်စစ်ဆေးမှုနှင့် ပတ်သက်၍      ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ    သတင်းနှင့်    ပြန်ကြားရေး အရာရှိ  ခရိုင်ဒုတိယတရားသူကြီး ဒေါ်စု စန္ဒာဝင်းက   ''ဒီကနေ့    ၂ဝ၁၈   ခုနှစ်  ရာဇဝတ်ကြီး အမှုအမှတ်(၄) သက်ဦး မောင်(ခ)ဝလုံးပါ -၂ ကို စွဲဆိုမှုမှာ တရား လိုပြသက်သေ   ဒုတိယရဲအုပ်  မျိုးကိုကို ကို စစ်ဆေးခဲ့ပါတယ်၊     သှူအနေနဲ့  အဲဒီနေ့  လုပ်ဆောင်ခဲ့သမျှကို    ထွက်ဆို သွားတာပါပဲ၊  ရှေ့လာမယ့်  ရုံးချိန်းမှာ  လိုပြသက်သေ နှစ်ဦးစစ်ဆေးဖို့ အမှုလိုက် ဥပဒေအရာရှိကို  ညွှန်ကြားလိုက်တာ လေးရှိပါတယ်၊ ရုံးချိန်းကိုတော့ ဖေဖော် ဝါရီ  ၂၁ ရက်ကို ချိန်းဆိုလိုက်ပါတယ်''ဟု ပြောသည်။

အဆိုပါ  တရားစွဲဆိုခံရသူ  ရိုက်တာ သတင်းထောက်နှစ်ဦးဘက်မှ    လိုက်ပါ ဆောင်ရွက်သည့်   အကျိုးဆောင်  တရား လွှတ်တော်ရှေ့နေများမှာ  ဦးသန်းဇော် အောင်နှင့်    ဦးခင်မောင်ဇော်တို့    နှစ်ဦး ဖြစ်ကြောင်း၊ အမှုမှတရားလိုပြသက်သေ  ၂၅ ဦး တင်ပြထားရာမှ ရုံးချိန်းလေးချိန်း၊ လိုပြသက်သေ    လေးဦး    စစ်ဆေးပြီး နောက်တစ်ပတ်ရုံးချိန်းတွင်       ကျန် သက်သေ ၂၁ ဦးအနက် နှစ်ဦး စစ်ဆေးရန် မှာကြားထားကြောင်း သိရသည်။
         မျိုးမင်းသိန်း(မရမ်းကုန်း)မြန်​မာ့အလင်း

No comments:

Post a Comment