Latest News

Wednesday, February 14, 2018

ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ်၌ တောဆင်တစ်ကောင် အရေခွံခွာခံရပြီး သေဆုံးနေသည်ကိုတွေ့ရှိ

ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ်၌
တောဆင်တစ်ကောင် အရေခွံခွာခံရပြီး သေဆုံးနေသည်ကိုတွေ့ရှိ

ကျောက်တံခါး ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် ရိုးမဖြတ်ကျော်လမ်း ဖြစ်သည့် မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်လမ်းပိုင်း မိုင်တိုင်အမှတ်၆ဝ/၃ ဒေသအခေါ် ပဲခူးရိုးမတောင်ပေါ် ၁ဝ မိုင်နှင့် ၁၁မိုင်အကြား၌ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁  နာရီခွဲ က တောဆင်တစ်ကောင်အရေခွံခွာခံရပြီး လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

အခင်းဖြစ်နေရာသို့  ဖဒိုနယ်မြေရဲစခန်းမှူး  ရဲအုပ်ရဲထွဋ်ကိုနှင့်  တပ်ဖွဲ့ဝင်များ၊  သစ်တောဦးစီးဌာနမှ     တောအုပ်ကြီး     ဦးမင်းသူနှင့်    သစ်တောဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးနေသည့် တောဆင်မှာ အသက် ငါးနှစ်ခန့် လုံးပတ် ၉ ပေ ၁ လက်မ၊ အရပ် ၅ ပေ ၁ဝ လက်မ အစွယ်မပါ ရှောက်ခွံရောင် ဆင်မဖြစ်ပြီး နှာမောင်းပြတ်လျက် အရေခွံခွာထားသည့် အနေအထားဖြင့် သေဆုံးနေ သည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး  ညောင်လေးပင်  မြို့နယ်သစ်ထုတ်လုပ်ရေးဦးစီးဌာနမှ ဆင်ဆရာဝန်က တောဆင်သေဆုံးရခြင်းကို ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။                                        ခင်ကို(ကျောက်တံခါး)မြန်​မာ့အလင်း

No comments:

Post a Comment