Monday, February 5, 2018
ကျုံပျော်မြို့ ဓမ္မပူဇာ အထူးတရားပွဲတော်
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ဓမ္မပူဇာ အထူးတရားပွဲတော်ကြီးကို သာသနာတော်နှစ် ၂၅၆၁ မြန်မာသက္ကရာဇ် ၁၃၇၉ တပေါင်းလဆန်း ၉ ရက် ၂၃ ၂ ၂၀၁၈ သောကြာနေ့ ညတွင် အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနပြုတက္ကသိုလ် တွဲဖက်ရွှေကျင်သာသနာပိုင်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မှ ကျုံပျော်မြို့ မြတ်ချမ်းသာဘုရာကြီး ၌ နိဗ္ဗာန်ရောက်ကြောင်း တရားထူး တရားမြတ် များကို ဟောဖော်ညွှန်ပြဆိုဆုံးမမှာ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တပေါင်းလဆန်း ၉ ရက် ၂၃ ၂ ၂၀၁၈ သောကြာနေ့ ည၇း၃၀ နာရီထက်နောက်မကျစေဘဲ ကျုံပျော်မြို့ မြို့ကျက်သရေဆောင် မြတ်ချမ်းသာဘုရာကြီး ပရ၀ဏ်ရှေ့မျက်နှာစာသို့ တရားတော်နာ ကြွရောက်ပါရန်လေးမြတ်သောစိတ်ထား ဖြင့် ဖိတ်ကြားခြင်းပြုပါသည်။
ကျုံပျော်မြို့ ဓမ္မပူဇာ အထူးတရားပွဲတော်
Reviewed by Ar Ti
on
7:45 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment