အဲလောက်ထိ
စိတ်ဆိုတာ ညစ်စရာတွေးရင် ညစ်နေတတ်ပေမဲ့
ပုံစံပြောင်းတွေးလိုက်ရင် ဘာကိုညစ်ရမှန်းမသိဖြစ်သွားတတ်တယ်။
ကိုယ့်ကိုယ်ကို သက်သက်ဒုက္ခပေးမိတာကိုး။
အဲလောက်ထိတွေဝေကြတာပါ။
အလုပ်ဆိုတာ အပျက်ကိုပဲတွေးထားရင် ပျက်ဖို့များနေတတ်ပေမဲ့
လုပ်နိုင်တာတွေရွေးတွေးထားရင် ထင်သလောက်မခက်တာတွေ့ရတတ်တယ်။
လူပျော့တွေး တွေးမိတာကိုး။
အဲလောက်ထိ မိုက်မဲကြတာပါ။
ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်သာဖို့ပဲပေါင်းရင် စောစောပျက်စီးတတ်ပေမဲ့
သူ့ဘက်ကိုလည်း မနာအောင်တွေးပေးတတ်ရင် ကြာရှည်ခံတတ်တယ်။
ကိုယ့်အတ္တပဲရှေ့တန်းတင်မိတာကိုး။
အဲလောက်ထိ လောဘအမှောင်ဖုံးကြတာပါ။
တရားကျင့်တဲ့နေရာမှာ နားမလည်တာတွေတွေးပြီး ခရီးမပေါက်ဖြစ်တတ်ပေမဲ့
ရိုးရိုးရှင်းရှင်း ပေါ်ရာသိပေးရင် တရားမြင်လွယ်တတ်တယ်။
ကိုယ့်ဉာဏ်ကို အတွေးတွေနဲ့ဖိအားပေးမိတာကိုး။
အဲလောက်ထိ ၀ိတက်နယ်ချဲ့တတ်ကြတာပါ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်
Monday, February 5, 2018
အဲလောက်ထိ
Reviewed by Ar Ti
on
7:35 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment