မိုးကောင်း ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအရှေ့ဘက် တောလမ်းဘေးတွင် ဖေဖော်ဝါရီ၂၁ရက် နံနက်၉နာခွဲက ဆာလာအိတ်နှင့်ထည့်ထားသည့် အီနာဂါဗုံးသီး ၁၁ လုံး၊အဝေးထိန်းရီမုတ် ၂ခု၊မိုင်းဖြတ်စက်(ဂျန်ဘာ)၁ခု၊မိုင်းထောင်ရာတွင်အသုံးပြုသည့် ဆားကစ် ၁ခုတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ ဌာနေပြည်သူ့စစ်အဖွဲ့မှ ဦးမောင်အုန်း ဦးဆောင်သော ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များသည် နယ်မြေခံတပ်သို့ ပြည်သူ့စစ်အင်အားဖြည့်တင်းရန်သွားရောက်စဉ် ဆားမှော်ကျေးရွာအရှေ့ဘက် တောလမ်းဘေး၌ ဆာလာအိတ်အတွင်းထည့်ထားသည့် အီနာဂါဗုံးသီး ၁၁လုံး၊အဝေးထိန်းရီမုတ် ၂ခု၊မိုင်းဖြတ်စက်(ဂျန်ဘာ)၁ခု၊မိုင်းထောင်ရာတွင်အသုံးပြုသည့် ဆားကစ် ၁ခုတို့အား တွေ့ရှိခဲ့၍ ဆားမှော်နယ်မြေခံတပ်ရင်းသို့ အပ်နှံခဲ့ကြောင်း သိရသည်။ဝင်းနိုင် ကချင်မြေ
No comments:
Post a Comment