Latest News

Wednesday, February 7, 2018

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၇

၂ဝ၁၈ ခုနှစ် မတ် ၇ ရက်မှ မတ် ၁၆ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့် တောင်းထားကြသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာစစ်ဌာန အသီးသီး တွင် ဖြေဆို ကြမည့်ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ် ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား Identity Card  များကို ၂ဝ၁၈-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် တနင်္လာနေ့မှ စ၍ ထုတ်ယူကြရမည်။

အခြေခံပညာ အထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား Identity Card  များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်။

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား Identity Card များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူး များထံမှ ထုတ်ယူကြ ရမည်ဖြစ်ကြောင်း ကြေညာထားသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား Identity Card များ ထုတ်ယူရာတွင် အခက် အခဲ ရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူး များနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်း မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သတင်းရရှိ သည်။
(MWD)

No comments:

Post a Comment