Latest News

Wednesday, February 7, 2018

ဒုတိယအကြိမ် အဖြစ် စက်ဘီးဆိုင်ကယ် တီထွင်နိုင်ခဲ့

ဒုတိယအကြိမ် အဖြစ် စက်ဘီးဆိုင်ကယ် တီထွင်နိုင်ခဲ့

မန္တလေး ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမူကျေးရွာ ကျောက်စိမ်းဘုရားအနီး နေထိုင်သူ ဆိုင် ကယ်ဝပ်ရှော့ဆရာ အောင်လင်းခိုင် Rကြီးမှ ဒုတိယအကြိမ်အဖြစ် စက်ဘီးဆိုင်ကယ်တစ်စီး တီထွင်နိုင်ခဲ့ ကြောင်း သိရသည်။ ''ကိုယ်လုပ်တဲ့လုပ်အားခနဲ့ တန်ဖိုးကြီးတဲ့ ဆိုင်ကယ်ဝယ်မစီးနိုင်လို့ ကိုယ့်စိတ်တိုင်းကျ တီထွင်ဖြစ်ခဲ့တာပါ။

ဒီဆိုင်ကယ်က နှစ်စီးမြောက်ပါ။ ပထမတီထွင်ထားတဲ့ ဆိုင်ကယ်ကို သူငယ်ချင်းတစ် ယောက်ဝယ်သွားတယ်။ ဝါသနာအရ သူငယ်ချင်းတွေအတွက် အပျော်လုပ်တာပါ။ လူအများက စိတ်ဝင်စား ခြင်းခံရလို့လည်း ဝမ်းသာရပါတယ်'' ဟု အောင်လင်းခိုင်ကပြောသည်။

အဆိုပါစက်ဘီးဆိုင်ကယ် တီထွင်ရာတွင် သံတိုသံစဆိုင်မှ ပစ္စည်းအဟောင်းများ ရှာဖွေဝယ်ယူ၍ ဝပ်ရှော့ ဆိုင်ရှိ ဆိုင်ကယ်ပစ္စည်းများဖြင့် ဖက်စပ်ပြုလုပ်ထားကြောင်း၊ စူပါကပ်အင်ဂျင်၊ ၁၂၅ စလစ်၊ ကစလထုတ် ကူဘိုတာ ၅၆ အင်ဂျင်က အိပ်ဇော စသည်ဖြင့် တစ်စစီထွင်ပြီး တီထွင်ထားခြင်းဖြစ်ကြောင်း၊ တန်ဖိုးငွေကျပ် ရှစ်သောင်းခန့် ကုန်ကျခဲ့ကြောင်း၊ စူပါကပ်ဆိုင်ကယ်ကဲ့သို့ မောင်းနှင်နိုင်ကြောင်း၊ အရင်းအနှီးသာ ရမည် ဆိုပါက ယခုထက် အရည်အသွေးကောင်းမွန်သော ဆိုင်ကယ်များ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ်ဇန်နဝါရီလလယ်ခန့်မှ စတင်ပြုလုပ်ခဲ့ပြီး ဝပ်ရှော့လုပ်ငန်းတစ်ဖက်ကြောင့် ညပိုင်းတွင် အချိန်နှစ်ပတ်ခန့် ယူခဲ့ရကြောင်း အောင်လင်းခိုင်က ပြောသည်။(MWD)

No comments:

Post a Comment