Latest News

Friday, February 9, 2018

ထပ်မံဖမ်းဆီးရမိသည့်ခိုးဝင်ဘင်္ဂါလီ၇ဦးနှင့်တင်ဆောင်လာသူနှစ်ဦးအားသက်ဆိုင်ရာမှအမှူဖွင့်အရေးယူလျက်ရှိ

ထပ်မံဖမ်းဆီးရမိသည့်ခိုးဝင်ဘင်္ဂါလီ၇ဦးနှင့်တင်ဆောင်လာသူနှစ်ဦးအားသက်ဆိုင်ရာမှအမှူဖွင့်အရေးယူလျက်ရှိ

ပုသိမ် ဖေဖေါ်ဝါရီ၉ရက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတားတိုးဂိတ်တွင် ဖေဖေါ်ဝါရီလ ၈ ရက် ညနေ၅နာရီကျော်အချိန်ခန့်က  သတင်းအရ ယာဉ်ကြောပိတ်ဆို့ရှာဖွေရာ ပုသိမ်မှရန်ကုန်သို့မောင်းနှင်လာသည့် ရွှေအိုရောင် စူပါကစ္စတန်ကား ကားနံပတ် 8/2004ပေါ်တွင် ခိုးဝင်ဘင်္ဂါလီ ၇ ဦးနှင့် လိုက်ပါပို့ဆောင်သူ ၂ ဦးတို့ကို တွေ့ရှိခဲ့ရာ ညောင်တုန်းမြို့မှရဲစခန်းမှဖမ်းဆီးအမှူဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရ ရှိသည်

အဆိုပါ၇ဦးကို လှူမှူ့ကြီးကြပ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ဆောင်လာသူနှစ်ဦးအား ညောင် တုန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဦးစီး ပထမတန်း အရာရှိ ဒုတိယ ရဲမှူးကြီး ခင်မောင်လတ်ထံမှသိရသည်

၎င်းတို့နှင့်အတူ ကျောက်တော်မြို့မှ လိုက်ပါပို့ဆောင်သူယာဉ်မောင်း အောင်နိုင်ဦး(၄၉)နှစ် ပုသိမ်မြို့ (၁၃)ရပ်ကွက်နေထိုင်သူနှင့် လိုက်ပါပို့ဆောင်သူ မောင်ဟင်း(၃၀)နှစ် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ဝါးကုန်းကျေးရွာ နေထိုင်သူတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ညောင်တုန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှသတင်းရရှိသည်

ဖမ်းဆီးရမိသည့် ခိုးဝင်ဘင်္ဂါလီ ၇ဦးမှာ ရခိုင်ပြည်နယ်ကျောတ်တော်မြို့ကဝင်ရောက်လာတာဖြစ်ပြီး  မြန်မာစကားလုံးဝမပြောတတ်ကြောင်း ၁၆ နှစ်အထက် ၄ ဦးနှင့် ၁၈ နှစ်အထက် ၃ ဦး တို့ဖြစ်ကြောင်း အားလုံး အမျိုးသားများဖြစ်ကြောင်း ညောင်တုန်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမိုးထံမှသိရသည်

 "သူတို့ကိုမောင်ဟင်းကမကွေးတိုင်း ပဒန်းလမ်းခွဲကနေ ပုသိမ်ကို ကြုံရာကားစီးပြီး ခေါ်ဆောင်လာတာ  ပုသိမ်ကနေ ရန်ကုန်ကိုသွားဖို့ ကားလိုက်ငှားနေတယ်လို့ သတင်းရတဲ့အတွက် ယာဉ်ကြောပိတ်ဆို့ဖမ်းဆီးခဲ့တာပါ”ဟု ညောင်တုန်းမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူးစိုးမင်းသိန်းက ပြောသည်။

ပထမအမှုကို ရေနံသာဂိတ် တွင် စစ်ဆေးနေပြီဖြစ်ကြောင်း  လက်ရှိ  ကြံခင်းဘက်ရဲအုတ်ပုံဂိတ်ကို စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမယ်ဖြစ်ကြောင်း လမ်းတလျှောက်စစ်ဆေးရေးဂိတ်တွေက တာဝန်ရှိရဲတွေကို စုံခုံဖွဲ့စစ်ဆေးနေပါပြီဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဦးစီး ပထမတန်း အရာရှိ ဒုတိယ ရဲမှူးကြီး ခင်မောင်လတ် ကပြောသည်

လက်ရှိတွင် ညောင်းတုန်းမြို့နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများဖမ်းဆီးရမိခြင်းမှာနှစ်ကြိမ်မြောက်ဖြစ်ပြီး ခိုးဝင်ဘင်္ဂါလီ ကျား ၁၉ဦး မ၆ဦးနှင့်ခလေး၃ဦး စုစုပါင်း၂၈ဦး တို့ဖမ်းဆီးရမိထားကြောင်းသတင်းရ ရှိသည်။

ပိုတို - မနီနီမိုး ​ဖေစ်​ဘွတ်

သတင်းထောက် ရွှေရည်ဝင်း

No comments:

Post a Comment