Latest News

Thursday, February 15, 2018

ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်၍ ၁၇ ဦး သေဆုံး

ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်၍ ၁၇ ဦး သေဆုံး

ဝါရှင်တန် ဖေဖော်ဝါရီ ၁၅

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ အထက်တန်း ကျောင်းတစ်ကျောင်း၌ ယမန်နေ့က ကြောက်မက်ဖွယ်သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၁၇ဦး သေဆုံးခဲ့ ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

အဆိုပါနေ့ရက်မှာ ထိတ်လန့်ဖွယ် နေ့ရက်ဆိုးတစ်ရက် ဖြစ်ကြောင်း၊ သေနတ်ပစ်ခတ်မှုကို ဆယ်ကျော်သက်အရွယ် ကျောင်းသားဟောင်းတစ်ဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အသုံး ပြုခဲ့သော သေနတ်မှာ အေအာရ်-၁၅ ရိုင်ဖယ်သေနတ်ဖြစ် ကြောင်း၊ လူ၁၂ ဦးမှာ ဖလော်ရီဒါ၊ ပါ့ခ်လန့်ဒ်ရှိ မာဂျိုရီ စတုန်းမင်းန်အထက်တန်းကျောင်းဝင်းအတွင်း သေဆုံးခဲ့ကြောင်း၊ နှစ်ဦးမှာ  ကျောင်းပြင်ပတွင်   သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ထပ်တစ်ဦးမှာ ကျောင်းအနီးလမ်းတစ်ခုပေါ်တွင် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားနှစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဘရိုဝက်စီရင်စုမှ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

သေနတ်ပစ်ခတ်ကြောင်း   ကနဦးသတင်းရလျှင်ရချင်း သက်ဆိုင်ရာရဲအရာရှိများက အဆိုပါပတ်ဝန်းကျင်ကို ဝိုင်းထား ပြီး အခြားကျောင်းသားများကို အ္တရာယ်မဖြစ်စေရေး နေရာရွှေ့ပြောင်းမှုများပြုလုပ်ခဲ့သည်။ ကျောင်းစင်္ကြံလမ်းတစ်လျှောက် သေနတ်ပစ်သံကြားရသော်လည်း အဆိုပါကျောင်းမှာ မီးသတိ ပေးခေါင်းလောင်းထိုးသံကြားရခြင်းသာဖြစ်မည်ဟု ပထမပိုင်းက ယူဆခဲ့ကြောင်း ပြောခဲ့သည်။

သေနတ်ပစ်ခတ်မှုတွင် သံသယရှိသူမှာလည်း ဒဏ်ရာရရှိခဲ့ သောကြောင့် ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။ သေနတ် ပစ်ခတ်သူဟု သံသယရှိသူမှာ အသက် ၁၉ နှစ်ရှိ နီကိုလက်စ်ခရုဇ် ဆိုသူဖြစ်ကြောင်း သိရသည်။ ¤င်းကို စည်းကမ်းလိုက်နာမှုမရှိဟု ဆိုကာ အဆိုပါကျောင်းမှ ထုတ်ပယ်ခဲ့ကြောင်း ဘရိုဝက်စီရင်စုမှ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးဖြစ်သူ အစ်စရေးက ပြောခဲ့သည်။
မြန်​မာ့အလင်း

No comments:

Post a Comment