Latest News

Thursday, February 15, 2018

မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်း အထူးအမြန်ရထား တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲ

မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်း အထူးအမြန်ရထား တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲ

မန္တလေး    ဖေဖော်ဝါရီ   ၁၅

မြန်မာ့မီးရထား မန္တလေးဘူတာကြီးမှ မြစ်ကြီးနားမြို့သို့         ခရီးသည်များ သက်သောင့်သက်သာ သွားလာနိုင်ရေး အတွက် မ္တလေး-မြစ်ကြီးနား အမှတ် ၅၅ အဆန်၊ အထူးအမြန်ရထားကို တွဲဆိုင်း အသစ်များဖြင့် ပြောင်းလဲ၍ ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီက စတင်ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

အဆိုပါ တွဲဆိုင်းအသစ်ဖြင့် ပြေးဆွဲ ခြင်း အခမ်းအနားကို မ္တလေးဘူတာကြီး တွင် ပြုလုပ်ခဲ့ပြီး မြန်မာ့မီးရထားရုံးချုပ် အထွေထွေ မန်နေဂျာ (စစ်ဆေးရေးဌာန)မှ ဦးဘမြင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ့မီးရထားမှတာဝန် ရှိသူများက  ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေး ခဲ့သည်။

''အခု တွဲဆိုင်းသစ်တွေက မြစ်ငယ် စက်ရုံမှာ တည်ဆောက်ခဲ့ပြီး တွဲဆိုင်းမှာ ရိုးရိုးတန်း ခုနစ်တွဲ၊အထက်တန်း အိပ်စင် တစ်တွဲ၊ အထက်တန်းထိုင်ခုံ နှစ်တွဲ ပါဝင်တယ်၊ ဒီတွဲဆိုင်းက လူစီးအများဆုံးပါ၊ အစုန်၊ အဆန် တစ်ခေါက်ကို ခရီးသည် ၂ဝဝဝ လောက် စီးနင်းကြတယ်''ဟု ¤င်းက ပြောသည်။

မြန်မာ့မီးရထားမှ ခရီးသည်များအား သက်သောင့်သက်သာ စီးနင်းသွားလာနိုင် ရန် ဦးစားပေးလမ်းပိုင်းစနစ်အလိုက် တွဲဆိုင်းအသစ်၊ စက်ခေါင်းအသစ်များဖြင့် လဲလှယ် ပြေးဆွဲနေပြီး မြစ်ကြီးနားလမ်းပိုင်းတွင် ယခု ရထားခရီးစဉ်  အဆိုင်းတစ်ဆိုင်းကို တွဲသစ်များဖြင့် အစားထိုးလဲလှယ်ပြေးဆွဲနိုင်ခဲ့ပြီး လာမည့် မတ်လနှင့် ဧပြီလတို့တွင် ကျန်ရှိသည့် အဆိုင်းနှစ်ဆိုင်းအတွက် တွဲဆိုင်းသစ်များဖြင့် ပြောင်းလဲပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

''တွဲတွေမှာ လေအိတ်စနစ်တပ်ဆင်ထားတာတော့ မရှိပေမယ့် ရထားတွဲအတွင်း ပိုင်းမှာ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေသုံးထားပြီး ကြမ်းခင်းမှာ ဖယောင်း ပုဆိုးခင်းထားတယ်၊ လုံခြုံစိတ်ချမှုအတွက် ဘရိတ်စနစ်က Compressed Air Brakeသုံးထားသလို ကွန်ပျူတာနဲ့ ထိန်းချုပ်စနစ် တပ်ဆင်ထားပါတယ်''ဟု ၄င်းက ဆက်လက် ပြောကြားသည်။

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု ဒုတိယ အများဆုံးဖြစ်ပြီး နေ့စဉ် အမြန်ရထား သုံးစင်း၊ စာပို့ရထား တစ်စင်း၊ ပါဆယ်ရထား တစ်စင်း၊RBE  လေးစင်း၊ လူစီးနှင့် ကုန်တင်လော်ကယ်ရထား သုံးစင်းပြေးဆွဲလျက်   ရှိကြောင်း သိရသည်။                     မင်းထက်အောင်(မန်းကိုယ်ပွား)မြန်​မာ့အလင်း

No comments:

Post a Comment