Latest News

Thursday, February 15, 2018

ပရီမီယာလိဂ်ရွှေဖိနပ်ဆုရှင် ဘယ်သူဖြစ်မလဲ

ပရီမီယာလိဂ်ရွှေဖိနပ်ဆုရှင် ဘယ်သူဖြစ်မလဲ

ဒီနှစ်ပရီမီယာလိဂ်ဟာ ပွဲစဉ် ၂၇ အပြီးမှာတော့ ချန်ပီယံဖြစ်မယ့် အသင်းဟာ မန်စီးတီးအသင်းဖြစ်ဖို့ များသွားပြီဆိုတာကတော့ လူတိုင်းက လက်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီမီယာလိဂ်ရွှေဖိနပ်ဆုရှင်ကတော့  ဘယ်သူဖြစ်မလဲဆိုတာဟာ အခုအချိန်အထိတော့ ပြောလို့မရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကတော့ လက်ရှိအချိန်မှာ ၂၃ ဂိုး သွင်းယူပေး ထားပြီး ပရီမီယာလိဂ်သွင်းဂိုးအများဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေတယ်။ ဒါပေမယ့် သူရဲ့ အောက်မှာတော့ အဂူရိုနဲ့ ဆာလတ်တို့က ရပ်တည်နေတယ်။ ဒါကြောင့် သူတို့ကြားက ကွာခြားမှုက သိပ်မရှိတာကြောင့် ရာသီကုန်မှာ ဘယ်သူက ရွှေဖိနပ် ရမလဲဆိုတာကလည်း စဉ်းစားစရာကောင်းနေတယ်။ ပရီမီယာလိဂ်ပွဲ ၁၁ ပွဲ ကျန်နေ ချိန်မှာတော့ သူတို့ရဲ့ရွှေဖိနပ်လုပွဲကလည်း အကြိတ်အနယ်လို့ ပြောရမှာပါ။ ဒါကြောင့် ဒီနှစ်ရာသီမှာ ပရီမီယာလိဂ်ရဲ့ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင်ရှိနေတဲ့ ကစားသမား သုံးဦးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပရိသတ်တွေသိရှိဖို့ တင်ပြလိုက်ပါတယ်။

ဟယ်ရီကိန်း (၂၃ ဂိုး)
က္ဘာ့ကျော်ဘောလုံးရေးရာကျွမ်းကျင်သူတွေကတော့ ဒီနှစ်ရွှေဖိနပ် ရဖို့ကတော့ ဟယ်ရီကိန်းက အဓိကသူအဖြစ်ရှိနေပြီး နောက်ထပ် လည်း  ဂိုးတွေအများကြီး  သွင်းယူနိုင်ဖို့ရှိနေတဲ့သူအဖြစ် လည်း ဟောကိန်းထုတ်ထားကြပါတယ်။  ဒါကြောင့် လည်းသူဟာ  ဒီနှစ်ရာသီမှာတော့  ပရီမီယာလိဂ် ရွှေ့ဖိနပ်ဆုကို တတိယအကြိမ်ရယူဖို့ရှိနေတယ် လို့လည်း ပြောရမှာဖြစ်ပါတယ်။ လက်ရှိ အချိန် မှာလည်း သူဟာ ပရီမီယာလိဂ်မှာ ၂၃ ဂိုးသွင်း ယူထိပ်ဆုံးမှာရှိနေတဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဟယ်ရီကိန်းရဲ့ ထူးခြားချက် က ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအစုံနဲ့ ဂိုးသွင်းနိုင်စွမ်းရှိသူလည်းဖြစ်ပါ တယ်။ သူရရှိထားတဲ့ ယခုနှစ်ရာသီ ၂၃ ဂိုးကိုကြည့်မယ်ဆိုရင်လည်း ညာခြေကန်ချက်ကြောင့်  ကိုးဂိုးနဲ့  ဘယ်ခြေ ကန်ချက်ကြောင့်   ကိုးဂိုးဖြစ်ပြီး  ခေါင်းတိုက် ဂိုးကြောင့်    ငါးဂိုး   ရရှိထားခဲ့ပါတယ်။ ဒါကြောင့်လည်း    သူ့ရဲ့လက်ရှိအချက် အလက်တွေကို ကြည့်မယ်ဆိုရင်တော့ ခံစစ်မှူးတွေအနေနဲ့   ဟယ်ရီကိန်းကို တားဆီးဖို့ဆိုတာကတော့  ခက်ခဲလွန်း တာဟာ အမှန်လို့ဆိုရမှာပါ။

ဒါပေမယ့်   ဟယ်ရီကိန်းရရှိတဲ့   ၂၃  ဂိုးမှာတော့  ဂိုး  ၂ဝ ဟာ  ပယ်နယ်တီ ဧရိယာထဲမှာ ရရှိတာဖြစ်ပြီး ကျန်တဲ့ သုံးဂိုးသာ    ပယ်နယ်တီဧရီယာ အပြင်ကနေ      ရရှိတာ  ဖြစ်ပါ တယ်။ ဒါကြောင့် ဟယ်ရီကိန်း ဟာ   အဝေးထက်   အနီးဂိုး သွင်းယူမှုက   ပိုများတယ် လို့ပြောရမှာပါ။   လက်ရှိ အချိန်မှာတော့    ဟယ်ရီ ကိန်းဟာ         က္ဘာ့ အကောင်းဆုံး တိုက်စစ် မှူး တစ်ဦးအဖြစ်  သတ် မှတ်ထားခြင်း  ခံထားရ သူလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့      လက်ရှိ ကြံ့ခိုင်မှုတွေအတိုင်းသာ ဆက်လက်ရှိနေမယ် ဆို ရင်တော့   ရာသီကုန်မှာ တော့   ရွှေဖိနပ်ဆုဟာ သူ့အတွက်လို့တောင်ပြောရ မှာပါ။

မိုဟာမက်ဆာလာ (၂၂ ဂိုး)
ချယ်လ်ဆီးအသင်းနဲ့အတူ မော်ရင် ညိုရဲ့လက်အောက်မှာ  ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆာလာဟာ   ပရီမီယာလိဂ်ကို    တစ်ကျော့ပြန် ရောက်လာခဲ့ချိန်မှ ခြေစွမ်းပြဂိုးသွင်းနိုင်တာလည်း ဖြစ်ပါတယ်။  သူဟာ  တိုက်စစ်မှူး  ဖာမီနိုနဲ့တွဲဖက်ပြီး ဟယ်ရီကိန်းရဲ့ ပရီမီယာလိဂ်ရွှေဖိနပ်ဆုကို အရယူဖို့အတွက် ခြိမ်းခြောက်နေတဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆာလာဟာ အဓိကဗဟိုတိုက်စစ်မှူးတစ်ဦးတော့  မဟုတ်ပါဘူး။  သူဟာညာ တောင်ပံမှာကစားတဲ့ တိုက်စစ်ကစားသမား သုံးဦးထဲကတစ်ဦးလို့လည်း ပြောရမှာပါ။ သူ့ရဲ့တာဝန်က တိုက်စစ်ပိုင်းသာမက ခံစစ်ပိုင်းကိုပါကူညီပေး ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ မန်နေဂျာ ဂျာဂျင်ကလော့ရဲ့လက်အောက်မှာတော့  အံ့အားသင့် စရာကောင်းလောက်အောင် ခြေစွမ်းပြကစားနိုင်နေတာကိုတော့ တွေ့ရမှာ ဖြစ်ပါ တယ်။  သူဟာဟယ်ရီကိန်းနဲ့  ပွဲကစားတာတူညီနေပေမယ့်  ပါဝင်ကစားခဲ့တဲ့ မိနစ် ကတော့ဟယ်ရီကိန်းထက် နည်းပါတယ်။ ဒါကြောင့် ဂိုးရရှိမှုမှာတော့ သူ့ရဲ့အချိုးက မိနစ် ၉၂ မိနစ်မှာ တစ်ဂိုးရရှိတာဖြစ်ပြီး ဟယ်ရီကိန်းကတော့ ၉၆ မိနစ်မှသာတစ်ဂိုး ရရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းကတော့ စွယ်စုံရဖြစ်ပြီး ဆာလာကတော့ ၂၂ ဂိုးမှာ ဘယ်ခြေနဲ့က ၁၉ အထိရရှိထားတာဖြစ်ပြီး ညာခြေနဲ့က  နှစ်ဂိုးသာရရှိထား တာဖြစ်ပါ ဖြစ်ပါတယ်။  ခေါင်းတိုက်ဂိုးကတော့ တစ်ဂိုးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ဆာလာကစားနေတဲ့နေရာက သူနှစ်သက်တဲ့နေရာ  ဖြစ်တာကြောင့်  အခုခြေစွမ်း အတိုင်းသာဆက်လက်သွားမယ်ဆိုရင်တော့ ရာသီကုန်မှာတော့ သူကလည်း ရွှေဖိနပ် အတွက် မျှော်မှန်းနိုင်တဲ့သူလို့ ပြောရမှာပါ။

အဂူရို (၂၁ ဂိုး)
အချက်အလက်တွေအရပြောရမယ်ဆိုရင်  အဂူရိုဟာ  PFAရဲ့  တစ်နှစ်တာ အကောင်းဆုံးအသင်းမှာတော့   ဘယ်တုန်းကမှမပါဝင်ခဲ့တာကတော့  အံ့အား သင့်စရာပါပဲ။ သူဟာမန်စီးတီးအသင်းနဲ့အတူ ပရီမီယာလိဂ်မှာ ကစားနေခဲ့တာဟာ ၇ ရာသီရှိခဲ့ပြီဖြစ်ပြီး ပရီမီယာလိဂ်ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နေတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ လက်စတာအသင်းနဲ့ပွဲမှာ လေး ဂိုး သွင်းယူပေးပြီး ပရီမီယာလိဂ်မှာတော့ ၂၁ ဂိုးအထိ သွင်းယူပေးထားပြီး ဒုတိယ အကြိမ်ရွှေဖိနပ်ဆုရဖို့အတွက် အခွင့်အရေးတွေရှိနေပြီလည်း ဖြစ်ပါတယ်။

သူဟာ အခုတော့ ဟယ်ရီကိန်း၊  ဆာလာတို့နှစ်ဦးနဲ့အပြိုင်ရှိနေပြီး  ဂိုးကွာခြား ကလည်း သိပ်မများဘူးလို့ပြောရမှာပါ။  အဂူရိုရဲ့ပွဲကစားထားမှုကလည်း  ဆာလာ၊ ဟယ်ရီကိန်းတို့ထက် လေးပွဲလျော့ပါတယ်။ ဂိုးသွင်းနိုင်မှုရာခိုင်နှုန်းကတော့ ၈၅ မိနစ်မှာ တစ်ရာခိုင်နှုန်းရှိတယ်လို့ ပြောရမှာလည်း ဖြစ်ပါ တယ်။       ဒါ့အပြင်    သူဟာ     ဟယ်ရီကိန်း၊ ဆာလာတို့ထက်   ဟက်ထရစ် ဂိုး  ပိုသွင်းယူထားသူဖြစ်ပြီး ဟက်ထရစ်ဂိုး   သုံးကြိမ်သွင်း ယူထားသူဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့သွင်းဂိုးတွေကို   ကြည့်တာနဲ့ သူဟာ   ညာသန်တိုက်စစ်မှူး   တစ်ဦး ဆိုတာကတော့ထင်ရှားသလို အမြင့် ဘောကို     ကျွမ်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာညာခြေနဲ့ ကန် သွင်းယူမှု  ၁၅  ဂိုးအထိ  ရရှိထားပြီး ခေါင်းတိုက်ဂိုးကတော့   ငါးဂိုးရရှိ ထားတာ   ဖြစ်ပါတယ်။   ဘယ်ခြေ နဲ့ကတော့   တစ်ဂိုးသာရရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အဂူရိုကလည်း ဒီနှစ် ရာသီမှာတော့ ရွှေဖိနပ်အတွက် ထည့် သွင်းစဉ်းစားရမယ့်သူတစ်ဦးအဖြစ် ရှိနေတာ လည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒီနှစ်ရာသီရဲ့ ပရီမီယာလိဂ် ရွှေဖိနပ်ရွေးချယ်ပွဲကတော့ စိတ်ဝင်စားဖွယ်ကောင်း နေတယ် လို့ပြောရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ရာသီကုန် မှာ ဘယ်သူက ရွှေဖိနပ်ဆုရှင်ဖြစ်လာမလဲဆိုတာကိုသာ ရင်ခုန်စွာ စောင့်ကြည့်ရင်း .....။
အောင်က(မြန်​မာ့အလင်း)

No comments:

Post a Comment