Latest News

Sunday, February 18, 2018

ပုသိမ်မြို့တွင် တုတ်ဓါးလက်နက်ကိုင်ဆောင်မှူ့ ရှိမရှိ စစ်ဆေးမှူများ တိုးမြင့်

ပုသိမ်မြို့တွင် တုတ်ဓါးလက်နက်ကိုင်ဆောင်မှူ့ ရှိမရှိ စစ်ဆေးမှူများ တိုးမြင့်

ပုသိမ် ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်းရှိ နေရာအနှံအပြားတွင်ဆိုင်ကယ်ကားများကိုဟန့်တားကာ တုတ်ဓါးလက်နက်စစ်ဆေးဆောင်ရွက်မှူ့များအား ဒီဇင်ဘာလ၂၇ရက်နေ့မှစတင်စစ်ဆေးခဲ့ပြီး လက်ရှိတွင်စစ်ဆေးမှူ့များတိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရ ရှိသည်

ဒီဇင်ဘာ၂၇ရက်နေ့ညတွင် ပုသိမ် မိုးလေဝသအဝိုင်းနားမှာ  စတင်စစ်ဆေးခဲ့ပြီး ဖေဖေါ်ဝါရီ ၁၆ ၁၇ရက်ညတွင် ပုသိမ် မြကျွန်းသာအိမ်ယာလမ်းနဲ့  မိုးလေဝသအဝိုင်းနားမှာ စစ်ဆေးမှူများတိုးမြင့်ဆောက်ရွက်လျက်ရှိတယ်လို့
ပုသိမ်မြို့မ ရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်မြင့်ထွန်းနိုင်ကတိုင်းဧရာကိုပြောသည်

"ညပိုင်းအချိန်တွေမှာအမျာအားဖြင့်လူငယ်တွေဟာ လမ်းပေါ်မှာဆိုင်ကယ်တွေနဲ့သွားရင်းလာရင်း ဆိုင်ကယ်ချင်းတိုက်မိကြရင်းအယူအဆအမှားအယွင်းအပြုအမှူတွေကြုံခဲ့ကြရင် အရက်မူးနေကြတဲ့အချိန်ရန်လိုတဲ့စကားများနဲ့ပြောကြဆိုကြအဆင်မပြေကြတဲ့အခါ အသင့်ဆောင်ယူလာကြတဲ့ဓားသို့မဟုတ်ချွန်ထက်တဲ့ပစ္စည်းတစ်ခုခုနဲ့ထိုးမိကြရင် ထွက်ပြေးလေ့ရှိတဲ့အတွက် ပြသာနာဖြစ်မလာခင် ရဲတပ်ဖွဲ့အနေနဲ့ကြိုတင်ကာကွယ်ရခြင်းပါ အရက်မူးသူတွေဆို ခန္ဓာကိုယ်တွေပါရှာတယ်"ဟု ပုသိမ်မြို့မ ရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်မြင့်ထွန်းနိုင်ကတိုင်းဧရာကိုပြောသည်

အဆိုပါပြသာနာတွေဖြစ်လာခဲ့ရင် ပြည်သူတွေအနေနဲ့လမ်းပေါ်မှာတစ်ကြိမ်တစ်ခါသာတွေ့ရပြီး ဘယ်သူဘယ်ဝါမသိရတော့ဒဏ်ယာရရှိပြီးနောက်ပိုင်းမှရဲစခန်းကိုအကူအညီတောင်းလာကြတာမျိုးတွေကြောင့် ရဲစခန်းအနေနှင့်လည်းပြသာနာပြီးမှလိုက်ဆောင်ရွက်ရတာများလာသော်ကြောင့်ယခုလိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောကြားသည်

 ပုသိမ်မြို့မစခန်းမှူး ဒုရဲမှူးမျိုးသူမှဦးစီးပြီး ဒီဇင်ဘာ၂၇ရက်နေ့တွင်မြို့မရဲအင်အား၂၀ဖြင့်စတင်စစ်ဆေးခဲ့ပြီးတစ်ပက်ကိုနှစ်ကြိမ် စစ်ခဲ့သည်

လက်ရှိတွင်ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်စိုး ဦးဆောင်ပြီး ပုသိမ်မြို့မရဲစခန်း မှဒုရဲမှူးမျိုးသူ ရဲအုပ်မြင့်ထွန်းနိုင်နှင့်ရဲတပ်ဖွဲ့ဝင်၂၀ကျော်ဖြင့် တစ်ပက်ကို၃ကြိမ်စစ်ဆေးမှူများပြုလုပ်လျက်ရှိကြောင်းသိရသည်

လူလူချင်းခိုက်ရန်ဖြစ်တာကသိပ်ပြသာနာမရှိဘူးတုတ်ဓါးလက်နက်တွေပါပြီဆို အန္တရာယ်ရှိသွားပြီ ဒါကြောင့်တွေ့တာနဲ့အရေးယူသွားမှာပါ "ဟုပုသိမ်မြို့မစခန်းမှူး ဒုရဲမှူးမျိုးသူကတိုင်းဧရာကိုပြောသည်

အဆိုပါလက်နက်များကို တွေ့ရှိပါက လက်နက်ပုဒ်မ၁၉(င)နှင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး လေးဂွတွေ့ရင်တောင် အန္တရာယ်ဖြစ်စေတက်တဲ့လက်နက်ထဲမှာပါလို့ ရဲအက်ဥပဒေပုဒ်မ ၃၅(က)နဲ့ဖမ်းဆီအရေးယူသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်

သတင်းထောက် ရွှေရည်ဝင်း(တိုင်းဧရာ)

No comments:

Post a Comment