ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် နှစ်၇၀ပြည့်ချင်းအမျိုးသားနေ့အကြိုဂုဏ်ပြုပွဲကျင်းပ
ပုသိမ် ဖေဖေါ်ဝါရီ၁၉ရက်
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ မြို့တော်ခမ်းမ၌ ပထမဆုံးအကြိမ် နှစ်၇၀ပြည့် ချင်းအမျိုးသားနေ့အကြိုဂုဏ်ပြုညစာစားပွဲနှင့်ရိုးရာပဒေသာကပွဲဆိုပွဲကို ယနေ့ညနေ၆နာရီမှည၁၁နာရီအချိန်အထိ ကျင်းပပြုလုပ်လျက်ရှိသည်
ဖေဖေါ်ဝါရီ၂၀ရက်နေ့တွင်ကျင်းပမည့် နှစ်၇၀ပြည့်ချင်းအမျိုးသားနေ့အား ယနေ့အကြိုကျင်းပလျက်ရှိကြောင်း ကြံခင်းမြို့နယ်မှ ချင်းတိုင်းရင်းသူတစ်ဦးထံမှသိရသည်
" တို့ဧရာဝတီတိုင်းမှာခုလိုကျင်းပခွင့်ရတဲ့အတွက်အရမ်းဂုဏ်ယူတယ် နက်ဖြန်လည်းရှိတယ် ဒီနေ့က ချင်းအမျိုးနေ့အကြိုပေါ့ တိုင်းရင်သား ပေါင်းစုံကို လာရောက်ဖို့လည်းဖိတ်ခေါ်ပါတယ်"လို့ ကြံခင်းမြို့နယ်မှ ချင်းတိုင်းရင်းသူတစ်ဦးမှ တိုင်းဧရာကိုပြောသည်
ယခုအနယ်နယ်အရပ်ရပ်မှ လာရောက်ကြတဲ့ချင်းလူမျိုးအများစုဟာ ရှို့ချင်းလူမျိုးစုများ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်
အဖက်ဖက်မှဝိုင်းဝန်းကူညီပေးပါသော် ဧရာဝတီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲအားကျေးဇူးအထူးတင်ရှိကြောင်းချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး
ကိုစလှိုင်းသန့်ဇင်မှ ပြောသည်
၎င်းပွဲအား ကြံခင်း မြန်အောင် အင်္ဂပူနှငိ့ငပုတောမြို့နယိတို့တွင်နေထိုင်လျက်ရှိသော အရှိုချငိးတိုင်းရင်းသားများ၏ ရိုးရာဝါးညပ်အကပြိုင်ပွဲများလည်း ကျင်းပပြုလုပ်လျက်ရှိသည်
အဆိုပါပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူမှူရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး စည်ပင်ဝန်ကြီးဦးကျော်မြင့် စိုက်/မွေး ဝန်ကြီး ဦးတင်ဝင်းအောင် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဠဦးစံမင်းအောင် ပုသိမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရုံး(NLD)မှ တာဝန်ရှိပုဂ္ဂိုလ်များ တရားလွှတ်တော်ရှေ့နေ ဦးအောင်ဗိုလ်ဗိုလ်ညွန့် နှင့်ဦးတင်အောင်ထွဋ် ပုသိမ်အခြေစိုက် CSOများနှင့် ဖိတ်ကြားထားသည့် မီဒီယာများ ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်းသတင်းရ ရှိသည်
သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ရွှေရည်ဝင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment