ပြုပြင်ရန်လိုအပ်သော၊အသုံးမပြုဘဲပိတ်ထားသည့် အဆောက်အဦများကို ရန်ကုန်စည်ပင် မှ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု မြို့တော်ဝန်ပြောကြား
ကျောက်တံတားမြို့နယ်အတွင်းရှိပြုပင်ရန်လိုအပ်သော
့အဆောက်အဦများ၊အသုံးမပြုဘဲပိတ်ထားသော အဆာက်အဦများအား ပြုပြင်ရန်လိုအပ်နေကြောင်းကို အဆောက်အဦးပိုင်ရှင်များထံ ပြုပြင်ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီိမှ ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ဆဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကိုဖေဖော်ဝါရီလ၂ရက်နေ့က ကျင်းပခဲ့ရာ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာမှ ကျောက်တံတား မြို့နယ်အတွင်းရှိအသုံးမပြုဘဲပိတ်ထားသော တိုက်အိုတိုက်ဟောင်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ သော်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍သော်လည်းကောင်း ပြုပြင်ထိန်းသိမ်းခြင်းကို မြို့တော်အင်္ဂါရပ်နှင့်အညီ စီမံဆောင်မံဆောင်ရွက်ပေးရန် ရှိ၊မရှိမေးမြန်းရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာ အဆောက်အအုံပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေမှာ သက်ဆိုင်ရာမြေရှင်နဲ့ သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းတသက်ဆိုင်ရာဌာန၊အဖွဲ့အစည်းတို့နဲ့သာ သက်ဆိုင်ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောက်လုပ်ခွင့်ပြုဖို့ဆောင်ရွက်နေပါတယ်။ လိုအပ်ရင် ပြင်ဆင်ဖို့လည်း မြို့ပြရဲ့အင်္ဂါ၊ အိမ်ရဲ့မျက်နှာစာသန့််ရှင်းလှပဖို့အတွက် တစ်ချို့မလွဲမသွေကိစ္စရပ်တွေမှာ နိုင်ငံတော် ဘက်ဂျက်ကနေ မျက်နှာစာအလှကို ကျွန်တော်တို့ဘက်က လုပ်ပေးရတာတွေလည်းရှိပါတယ်။ အဓိကကုန်သည်လမ်း၊ လမ်း၄၀ နဲ့ဗိုလ်အောင်ကျော်လမ်းကအဆောက်အအုံ ဂန္ဒီဟောကို ရှေးဟောင်းအဆောက်အအုံ BLUEတပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ ၃၂လမ်းနဲ့၃၈လမ်းထောင့်မှာရှိတဲ့ သုံးထပ်အဆောက်အအုံ တစ်လုံးက နယ်စပ်ရေးရာစည်ပင်သာယာရေးဘဏ်ကိုလည်း အကြောင်းကြားထားပါတယ်။ ကျောက်တံတားမြို့နယ်အတွင်းမှာ အသုံးမပြုဘဲ ပိတ်ထားသည့်အဆောက်အဦတွေကို ပြုပြင်ရန် လိုအပ်နေတဲ့အကြောင်းကို အဆောက်အဦးပိုင်ရှင်များကို ပြုပြင်ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟုမြို့တော်ဝန်ဦးမောင်မောင်စိုးက ပြန်လည်ဖြေဆိုခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် အသုံးမပြုဘဲပိတ်ထားသောအဆောက်အဦ (၄)လုံး၊ပြုပြင်ရန်လိုအပ်နေသော အဆောက်အဦ(၃)လုံးရှိကြာင်း သိရသည်။
YRG info:
Saturday, February 3, 2018
ပြုပြင်ရန်လိုအပ်သော၊အသုံးမပြုဘဲပိတ်ထားသည့် အဆောက်အဦများကို ရန်ကုန်စည်ပင် မှ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု မြို့တော်ဝန်ပြောကြား
ပြုပြင်ရန်လိုအပ်သော၊အသုံးမပြုဘဲပိတ်ထားသည့် အဆောက်အဦများကို ရန်ကုန်စည်ပင် မှ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု မြို့တော်ဝန်ပြောကြား
Reviewed by Ar Ti
on
11:53 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment