Latest News

Saturday, February 3, 2018

ညောင်တုန်းမြို့နယ် ဆားမလောက်တွင် ခိုးဝင်ဘင်္ဂါလီ ၂၁ ဦး ဖမ်းဆီးရမိ

ညောင်တုန်းမြို့နယ် ဆားမလောက်တွင် ခိုးဝင်ဘင်္ဂါလီ ၂၁ ဦး ဖမ်းဆီးရမိ


ပုသိမ် ဖေဖေါ်ဝါရီ ၄ရက်

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်တွင် မော်တော်ကားတစီးကိုစစ်ဆေးရာမှ ရခိုင်ပြည်နယ်ဒုက္ခသည်စခန်းများမှပြည်တွင်းသို့ ခိုးဝင်သည့်ဘင်္ဂါလီ(၂၁)ဦးအား ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသတင်းရ ရှိသည်


ကနဦးစစ်ဆေးချက်များအရ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှပြည်တွင်းသို့ ခိုးဝင်ခြင်းဖြစ်ပြီး ယာဉ်မောင်းတင်ထွန်းအောင် (ပွဲစားဟုယူဆရသူ) ထွန်းထွန်းနိုင်(စစ်ဆေးစဲ)မှ စုစုပေါင်းဘင်္ဂါလီ(၂၁)ဦးအား ခိုးသွင်းလာခြင်းဖြစ်ကြာင်း ရဲတပ်ဖွဲ့များထံမှသိရသည်

"စစ်ဆေးဆဲပါ (လဝက)ကစစ်ဆေးပြီးအမူဖွင့်မယ် သံတွဲ/ဂွ ရေနံသာဘက်ညောင်တုန်းဆားမလောက်ဘက်ကို ကားနဲ့လိုက်လာတာ ကားနံပါတ်9J/7977ပါ ယာဉ်မောင်းနဲ့ ပါလာသူများကို စစ်ဆေးဆဲပဲရှိပါသေးတယ် ဘင်္ဂါလီ ကျား ၁၂ဦး မ ၆ ဦးနဲ့ကလေး ၃ ယောက်ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ခင်မောင်လတ်ကပြောကြားသည်

ဆားမလောက် ရဲတပ်ဖွဲ့ စခန်းတာဝန်ကျရဲအရာရှိသူတစ်ဦးမှာလည်း"ကနဦးစစ်ဆေးချက်တွေအရ ပွဲစားနဲ့ ကားဒရိုင်ဘာက ရခိုင်ပြည်နယ် ဂွ မြို့ကလို့ သိရတယ်။ ဒီလူတွေကိုတင်ဆောင်လာတယ်ထွက်ဆိုပေမယ့် ခိုးဝင်ဘင်္ဂါလီတွေက ဒုက္ခသည်စခန်းကလာတယ် ထွက်ဆိုတယ်”လို့ပြောသည်

“တယောက်ကိုဆယ်သိန်းနဲ့ငါးသောင်းပေးရတယ်လို့ ပြောတယ်။ ရခိုင်ဒုက္ခသည်စခန်း ၃ ခုက လူတွေတဲ့ ပိုက်ဆံကိုတော့ NGO တခုကထုတ်ပေးတယ်ပြောတယ်”ဟု သွားရောက်စစ်ဆေးခဲ့သူ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောသည်။

လက်ရှိတွင်တရားမဝင် ခိုးဝင်သူ ဘင်္ဂါလီ(၂၁)ဦးနှင့် ၎င်းတို့အား တင်ဆောင်လာသူ ယာဉ်မောင်း ပွဲစားအပါအဝင် သူများကို  တရားစွဲဆိုနိုင်ရေးအတွက် အမှုကိုခိုင်လုံစွာတည်ဆောက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရသည်

ရွှေရည်ဝင်း

No comments:

Post a Comment