Latest News

Sunday, February 4, 2018

ငပိဆိတ်ကျေးရွာ ရေဆင်းချိုးရာမှ လူနှစ်ဦး ရေနစ်သေဆုံး

ငပိဆိတ်ကျေးရွာ ရေဆင်းချိုးရာမှ လူနှစ်ဦး ရေနစ်သေဆုံး

ရေကြည်  ဖေဖော်ဝါရီ  ၎

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ဘွဲ့ငူကျေးရွာအုပ်စု ငပိဆိပ်ကျေးရွာ၌ ဖေဖော်ဝါရီ ၃ ရက်တွင် ငဝန်မြစ်အတွင်း လူငါးဦး ရေဆင်းချိုးရာမှ လူနစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီခွဲတွင် ရေကြည်မြို့မရဲစခန်း ရဲအုပ်ဝင်းနိုင်(ခေတ္တစခန်းမှူး) တာဝန်မ်းဆောင်နေစဉ် ရေကြည်မြို့နယ် ဘွဲ့ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ငပိဆိတ်ကျေးရွာ သင်္ဘောဆိပ်ပိုင်းနောက်ဘက်ရှိ ငဝန်မြစ်အတွင်း ရေနစ်သေဆုံးသည့် အမျိုးသားနှစ်ဦး တွေ့ရှိကြောင်း ဖုန်းဖြင့်အကြောင်းကြားသဖြင့် တာဝန်မှူး ဒုရဲအုပ် ဘိုဘိုဟိန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးသန်း၊ ကျေးရွာတာဝန်ခံ ဦးကျော်လွင်တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီခွဲက ကျော်စွာဝင်း၊ ဇင်မင်းလတ်၊ ဝေလု(ရေနံချေးသုတ်လုပ်သားများ)တို့နှင့်အတူ ရေဆင်းချိုးရာမှ ပျောက်ဆုံးနေသူ ဟိန်းမြတ်သူ(၃၁)နှစ်နှင့် ထက်မင်းပိုင်(ခ)ကိုထက် (၂၃)နှစ် ရေနံချေးသုတ်လုပ်သား မြို့မ(၂)ရပ်ကွက် ညောင်လေးပင်မြို့ ပဲခူးတိုင်းဒေသကြီးတို့ နှစ်ဦးမှာ လက်များကွေးကောက်၊ နှုတ်ခမ်းပြာ၊ လက်ချောင်းများ အရေခွံတွန့်အနေအထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရပြီး ရေနစ်သေဆုံးသူနှစ်ဦး၏ အလောင်းများအား ယနေ့ နံနက် ၉ နာရီတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူဟိန်းမြတ်သူနှင့် ထက်မင်းပိုင်တို့ နှစ်ဦး ရေနစ်သေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မင်းဇော်ဦး(မြန်​မာ့အလင်း)

No comments:

Post a Comment