ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအားလုံးသည် ပြည်ထောင်စုစိတ်ဓာတ်အခြေခံကာ စည်းလုံးညီညွတ်စွာဖြင့် အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြသည်မှာ ရှေးနှစ်ပေါင်းများစွာကပင်ဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍၊ ဥမကွဲ သိုက်မပျက် နေထိုင်လာခဲ့ကြပြီး အရေးကြီးက သွေးနီးကြမြဲဖြစ်၏။
တည်နေရာနှင့်အကျယ်အဝန်း
တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးတို့ မှီတင်းနေထိုင်ရာ အချုပ်အခြာအာဏာပိုင် နိုင်ငံလည်းဖြစ်သည်။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်စသည့် ခေတ်တစ်လျှောက်တွင် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ခန့်ညားထည်ဝါစွာ နေထိုင်ခဲ့ကြသည်။ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ သုဝ္ဏဘူမိ၊ မိုင်းမော၊ တကောင်း၊ ပုဂံ၊ အင်းဝ၊ ဟံသာဝတီစသည့် ရှေးမြို့ဟောင်းကြီးများမှာ မြန်မာတို့၏ ကြီးမြတ်မှုသာဓက ပင်ဖြစ်၏။ မြန်မာနိုင်ငံသည် အာရှတိုက်တောင်ဘက်ခြမ်းရှိ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများတွင် အပါအဝင်ဖြစ်သည်။ အရှေ့ဘက်နှင့် မြောက်ဘက်တွင် တရုတ်ပြည်နယ်နှင့် အနောက်ဘက်တွင် အိန္ဒိယတိုက်ငယ်၊ အရှေ့တောင်ဘက် တွင် အင်ဒိုချိုင်းနားကျွန်းဆွယ် နိုင်ငံများအကြား တည်ရှိသည်။ မြန်မာနိုင်ငံသည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃ဝ မိနစ်မှ ၂၈ ဒီဂရီ ၃ဝ မိနစ်အတွင်း တည်ရှိပြီး အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်နှင့် ၁ဝ၁ ဒီဂရီ ၁၁ မိနစ်အကြား၌ တည်ရှိသည်။ မြန်မာနိုင်ငံတောင်ဖျားမှ မြောက်ဖျားအထိ မိုင်ပေါင်း ၁၃ဝဝ ကျော် ရှည်လျားပြီး အရှေ့နှင့်အနောက်မှာ အကျယ်ဆုံးနေရာတွင် မိုင် ၆ဝဝ ခန့်ရှိသည်။ ဧရိယာအကျယ်အဝန်း ၂၆၁ ဒသမ ၂၂၈ စတုရန်းမိုင်ရှိသည်။
ရှေးအကျဆုံးနှင့် သက်တမ်းအရင့်ဆုံး
မြန်မာဦးလူတို့၏ သမိုင်းကိုလေ့လာကြည့်လျှင် လွန်ခဲ့သော နှစ်သန်းပေါင်း ၄ဝ ကျော် ကမ္ဘာ့ရှေးအကျဆုံးလူသားမျိုးနွယ်ဟုခေါ်ဆိုရမည့် လူတူပရိုင်းမိတ် (ခေါ်) အဆင့်မြင့်ပရိုင်းမိတ်ကို မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသတွင် တွေ့ရှိရ သည်။ ပုံတောင်ဂျီးယား ပရိုင်းမိတ်ရုပ်ကြွင်းကို ၁၉၁၄ ခုနှစ်တွင် မြိုင်မြို့နယ် ဖန်ကင်းရွာအနီး၌ စတင်တွေ့ရှိခဲ့သည်။ ၄င်းကျောက်ဖြစ်ရုပ်ကြွင်းများသည် အီဂျစ်နိုင်ငံ ဖာယွန်ဒေသတွင် တွေ့ရှိရသည့် ပရိုင်းမိတ်ထက် နှစ်ခုနစ်သန်းခန့် ရှေးကျခဲ့သည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် အဆင့်မြင့်ပရိုင်းမိတ်သည် က္ဘာ ပေါ်တွင် အစောဆုံးဖြစ်သည်ဟု မှတ်ချက်ပြုလက်ခံလာကြသည်။ ပုံတောင်ပုံညာ ဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း အနောက်မြောက်ယွန်းယွန်းတွင် တည်ရှိပြီး ပုံတောင်ပုံညာ၏ အရှေ့ဘက်တွင် မင်းကင်း၊ ကနီ၊ ပုလဲ၊ မြိုင်နှင့်ပေါက်၊ အနောက် ဘက်တွင် ကလေး၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်တို့ရှိသည်။ လွန်ခဲ့သော နှစ်သန်း ပေါင်း ၄ဝ ခန့်မှအစပြု၍ အဆင့်နိမ့် ပရိုစီမီယံ ပရိုင်းမိတ်များမှ အဆင့်မြင့် လူတူပရိုင်းမိတ်အဖြစ် အဆင့်ဆင့်ပြောင်းလဲလာခဲ့သည်။ အီဂျစ်တွင် တွေ့ရှိသည့် ပရိုင်းမိတ်ထက် နှစ်ခုနစ်သန်းခန့် ပို၍ ရှေးကျသောကြောင့် မြန်မာနိုင်ငံ ပုံတောင် ဒေသမှ ပရိုင်းမိတ်များသည် ရှေးအကျဆုံးနှင့် သက်တမ်းအရင့်ဆုံးဖြစ်သည့် အတွက် ''လူသားမျိုးနွယ်အစ အာရှမှ'' ဟု ယူနိုင်သည့်အပြင်၊ လူသားမျိုးနွယ် အစ မြန်မာကဟုပင် ခေါ်ဆိုနိုင်သည်။
မြို့ပြနိုင်ငံများ အထင်အရှားတည်ရှိခဲ့
ဘီစီ ၆ဝဝ ခန့်မှစ၍ မြို့ပြတည်ထောင်ခဲ့ကြပြီး မြန်မာမင်းများ စတင်ပေါ်ထွန်း သော ဒေသသည် တကောင်းဟုဆိုသည်။ အဘိရာဇာမင်းသည် မ္တလေးမှ ဧရာဝတီ မြစ်ကို ဆန်တက်သော မြစ်အရှေ့ဘက်ကမ်းမြေပြန့်ဒေသတွင် တကောင်းပြည် ကြီးကို စတင်တည်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ရှေးခေတ်က စေတီဟောင်း၊ မြို့ရိုးဟောင်းများကို ယခုထက်တိုင် တွေ့မြင်နိုင်သည်။ တကောင်းပြည်ကို သင်းတွဲပြည်ဟုလည်း ခေါ်ကြသည်။ မြို့ပြနိုင်ငံများဖြစ်သည့် ဗိဿနိုး၊ သရေခေတ္တရာ (ပျူမြို့တော်) ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘုမ္မိ စသည့် မြို့ပြနိုင်ငံများဖြစ်သည့် ရှေးနှစ်ပေါင်းများစွာမှပင် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံး နှင့် မြန်မာနိုင်ငံတွင် အထင်အရှားတည်ရှိခဲ့ကြောင်း ပေါ်လွင်စေသည်။
ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမင်းလက်ထက်တွင် ပုဂံနေပြည်ကို ဗဟိုပြု၍ တည်ထောင်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင် တောင်ငူနှင့် ဟံသာ ဝတီကို ဗဟိုပြုသည့် ဒုတိယ မြန်မာနိုင်ငံတော်ကို လည်းကောင်း၊ အလောင်းဘုရား ဦးအောင်ဇေယျလက်ထက်၌ ရွှေဘိုကို ဗဟိုပြုသည့် တတိယမြန်မာနိုင်ငံတော် ကို လည်းကောင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် စုစည်းတည်ထောင် ခဲ့သည်။
ပြည်ထောင်စုစိတ်ဓာတ်ကို မဖြိုခွင်းနိုင်ခဲ့
(၁၉)ရာစုတွင် ဗြိတိသျှတို့က ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲကာ မြန်မာ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းကာလများတွင် လွတ်လပ်ရေးရရှိရန် အတွက် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကို တို့သည် သွေးစည်းညီညွတ်စွာဖြင့် နယ်ချဲ့တို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ အာသံမဏိပူရအရေးတွင် မဟာဗန္ဓုလသည် ရဲစွမ်းသတ္တိပြည့်ဝစွာဖြင့် ရွပ်ရွပ် ချွံချွံ တိုက်ခိုက်ခဲ့ရာ ထိုစစ်ပွဲတွင် အကြီးအကျယ် အောင်နိုင်လိုက်ခြင်းကြောင့် ဘကြီးတော်မင်းတရားက အားရတော်မူလွန်းသဖြင့် ဆုလာဘ်များစွာ ပေးသနား တော်မူခဲ့သည်။ ထိုတိုက်ပွဲသည် မဟာဗန္ဓုလ၏ အကြီးအကျယ်အောင်နိုင်ခဲ့သည့် ပထမဆုံးအောင်ပွဲပင်ဖြစ်သည်။ အဂ္ဂမဟာသေနာပတိဝန်ကြီး သတိုးသုဓမ္မ စစ်သူကြီး မဟာဗန္ဓုလ၏ ဦးဆောင်မှုဖြင့် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ပန်းဝါတိုက်ပွဲနှင့် ဝက်ထီးကန်တိုက်ပွဲများမှာ ထင်ရှားသည်။ ထိုတိုက်ပွဲများသည် ဇာတိသွေးဇာတိမာန်နှင့်အတူ တိုင်းရင်းသားညီအစ်ကိုတို့ သွေးစည်းညီညွတ်ခြင်း ဖြင့် ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့ခြင်းကြောင့် အောင်ပွဲခံခဲ့သည့် က္ဘာ့သမိုင်း ဝင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများပင်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားအားလုံးတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်လာသည်ရှိသော် စည်းလုံးညီညွတ်ခြင်းဖြင့် စုပေါင်းကာကွယ်တွန်းလှန်ခဲ့ ကြသည့် ပြည်ထောင်စုစိတ်ဓာတ်အခြေခံသော အစဉ်အလာကောင်းများ ထိုစဉ် အချိန်ကတည်းကပင် ရှိနေခဲ့သည်။ ဓနုဖြူစစ်ပွဲတွင် မဟာဗန္ဓုလကျဆုံးသည်။ နယ်ချဲ့အင်္ဂလိပ်တို့ လက်နက်အင်အား မည်မျှပင်သာလွန်သော်လည်း မြန်မာ တိုင်းရင်းသားတို့၏ အသက်များကိုသာလျှင် ဖြိုခွင်းနိုင်ပြီး မြန်မာတိုင်းရင်းသား တို့၏ ''ပြည်ထောင်စုစိတ်ဓာတ်'' ကိုမူ မဖြိုခွင်းနိုင်ခဲ့ပေ။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် နှစ်နှစ်နီးပါး ကြာခဲ့သည်။
၁၈၅၂ ခုနှစ် ဧပြီလတွင် ဗြိတိသျှတို့က မြန်မာနယ်မြေများကို ထိပါး တိုက်ခိုက် ကြပြန်သဖြင့် မြန်မာနှင့် ဗြိတိသျှတို့ ရှစ်လကြာမျှ ဒုတိယအကြိမ် စစ်ဖြစ်ရပြန် သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့်ပင် ရရာလက်နက်စွဲကိုင်ကာ တော်လှန် ခဲ့ကြသည်။
ဗြိတိသျှတို့အား ဆန့်ကျင်တိုက်ခိုက်ခဲ့
မြန်မာသက္ကရာဇ် ၁၂၄ဝ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၇၈ ခုနှစ်တွင် ကုန်းဘောင် မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ဘုံဘေဘားမား သစ်ကုမ္ပဏီကိစ္စကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားခဲ့ရ သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဂျင်နရယ် ပရင်ဒါဂတ်ဦးဆောင် သည့် အင်္ဂလိပ်တပ်များက မ္တလေးသို့ စစ်အခမ်းအနားဖြင့် ချီတက်လာကာ သီပေါမင်းနှင့် စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်ချိန်မှစ၍ မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ရသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို ဗြိတိသျှ အင်ပါယာအတွင်း သွတ်သွင်းကျွန်ပြုလိုက်ပြီဖြစ်ကြောင်း အိန္ဒိယဘုရင်ခံချုပ် ''လော့ဒ်ဒပ်ဖရင်'' က ဗြိတိသျှဘုရင်မ ဝိတိုရိယ၏ကိုယ်စား ကြေညာခဲ့သည်။ ထိုသို့ သိမ်းပိုက်ခံရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားတို့သည် ရရာလက်နက်စွဲကိုင်ကာ ဗြိတိသျှတို့အား ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။
ထိုကဲ့သို့ လက်နက်ကိုင်တိုက်ခိုက်နေသည့်အချိန်အတွင်း ၁၈၉၇ ခုနှစ်မှစ၍ မြင်းခြံမြို့၌ ဗုဒ္ဓကလျာဏမိတ္တအသင်း၊မန္တလေးမြို့တွင် ဗုဒ္ဓဘာသာသာသနာ့ နုဂ္ဂဟအသင်း၊ ပခုက္ကူမြို့ရှိ ဘာသာရေးအသင်းအဖွဲ့များ၊ မော်လမြိုင်မြို့၌ သာသနာ့ ဓရ အသင်းအဖွဲ့ များ ပေါ်ပေါက်လာပြီး ၁၉ဝ၆ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဝိုင်အမ်ဘီအေ)ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (ဝိုင်အမ်ဘီအေ)ဟူ၍ ပေါ်ပေါက်လာခဲ့ သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးကို စစ်ရေးအရ တိုက်ခိုက်သော နည်းမှ နိုင်ငံရေးတိုက်ပွဲနည်းများသို့ ပြောင်းလဲခဲ့သည်။
တောင်သူလယ်သမား လက်နက်ကိုင်တော်လှန်ရေး
၁၉၂ဝ ပြည့်နှစ် ပြည်မြို့၌ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် ကွန်ဖရင့်ကြီး တွင် ယခင်(ဝိုင်အမ်ဘီအေ)အမည်အစား (ဂျီစီဘီအေ) မြန်မာအသင်းချုပ်ကြီး ဟု အမည်ပြောင်းကာ ဥက္ကဋ္ဌအဖြစ် ဦးချစ်လှိုင်ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ဂျီစီဘီအေအသင်းချုပ်ကြီး၏ လှုံ့ဆော်မှုနှင့်အတူ ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖြစ်ပွားသည့် သာယာဝတီနယ်မှ ဆရာစံဦးဆောင်သည့် တောင်သူ လယ်သမားလက်နက်ကိုင်တော်လှန်ရေးကြီးမှာ ထင်ရှားခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်တို့ ဆုတ်ခွာထွက်ပြေး
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်တို့က ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ကို ယိုးဒယားနိုင်ငံ ဗန်ကောက်မြို့တွင် ဖွဲ့စည်းခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲအတွက် ဂျပန်၏ အကူအညီရယူခဲ့သည်။ ဘီအိုင်အေနှင့် ဂျပန်တပ်မတော် တို့ပူးပေါင်းကာ နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်ခိုက်ခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးကို ဘီအိုင်အေနှင့် ဂျပန်တပ်မတော်တို့က သိမ်းယူနိုင်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးကြရသည်။
ပင်လုံညီလာခံကို ခေါ်ယူကျင်းပခဲ့
၁၈၈၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ၊ ဖက်ဆစ် တော်လှန်ရေးတိုက်ပွဲများတွင် တိုင်းရင်းသားအားလုံး တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးအသီးသီးတို့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တိုင်းရင်း သားစည်းလုံးညီညွတ်မှုသည် ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သည်။ တိုင်းရင်း သား စည်းလုံးညီညွတ်မှုဖြင့်ပင် အင်အားကြီးမားသည့် နိုင်ငံတော်ကြီးများကို ထူထောင်နိုင်ခဲ့ကြသည်။ ပင်လုံစာချုပ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၏ ပြယုဂ်ပင်ဖြစ်သည်။ မြန်မာပြည်ကို လွတ်လပ်ရေးပေးရတော့မည့် အချိန်မှာပင် နယ်ချဲ့တို့က တိုင်းရင်းသားတောင်တန်းဒေသများကို ချန်လှပ်ထားရန် ကြံစည်ခဲ့ သည်။ မသမာသော နည်းအမျိုးမျိုးဖြင့် တောင်တန်းနှင့် ပြည်မကို သွေးခွဲ အုပ်ချုပ် ခဲ့သည်။ စစ်ပြီးခေတ် ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဗြိတိသျှအစိုးရနှင့် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ့လွတ်လပ်ရေး ကိစ္စ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးမည်ဆိုလျှင် ရှမ်းပြည်နယ် အပါအဝင် တောင်တန်းဒေသများကိုပါ လွတ်လပ်ရေးပေးရန် ဗိုလ်ချုပ်အောင်ဆန်း က တင်ပြတောင်းဆိုသည်။ ထိုကိစ္စအတွက် အောင်ဆန်းအက်တလီစာချုပ်ပါ
တောင်တန်းဒေသ၏ သဘောထားကို မေးမြန်းရမည်ဆိုသည့်အချက်ဖြင့် ၁၉၄၇ ခုနှစ်တွင် ပင်လုံညီလာခံကို ခေါ်ယူကျင်းပခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ တိုင်းရင်းသားကိုယ်စားလှယ်များ က လူမျိုးစုအဖွဲ့အလိုက် အချင်းချင်းပူးပေါင်းကာ ပဏာမဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံသို့ ရောက်ရှိလာသည်။ ပင်လုံညီလာခံသို့ တက်ရောက်ကြသည့် ကိုယ်စား လှယ်များမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ခင်မောင်ကလေး၊ ဝန်ကြီးများဖြစ်သည့် ဦးအောင်ဇံဝေနှင့် ဦးတင်ထွဋ်၊ ဖဆပလ ကိုယ်စားလှယ်များဖြစ်သည့် ဦးဖေခင် နှင့် သခင်ဝတင် အပါအဝင် စသော ကိုယ်စားလှယ်များ၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်း လွင်၊ ဗိုလ်ထွန်းလှ စသော ပြည်သှူရဲဘော်ကိုယ်စားလှယ်များ၊ သတင်းထောက် အသင်းမှ ဦးကိုကိုလေး၊ ကျောင်းသားထုကိုယ်စားလှယ် ကိုစိန်မြမောင်၊ ကိုသန်ြး<ွကယ်တို့နှင့် သတင်းစာတိုက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။ ရှမ်းစော်ဘွားများ၊ ရှမ်းပြည်လူထုကိုယ်စားလှယ်များနှင့် အခြားတိုင်းရင်းသား အသီးသီးတို့၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှအစိုးရကိုယ်စား ''ဒိုမီနီယံ''၊ အတွင်းဝန်ကလေးဘော်တွမ်လေနှင့် တောင်တန်းဒေသဆိုင်ရာ ဗြိတိသျှ အရာရှိ အချို့လည်း လေ့လာသူအဖြစ် တက်ရောက်ကြသည်။
ပင်လုံသမိုင်းဝင်စာချုပ်
ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တိုင်းရင်း သားကိုယ်စားလှယ်တို့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ပြီး တောင်တန်းနှင့် မြေပြန့်တစ်ပေါင်းတည်း လွတ်လပ်ရေးရယူမည်ဟု ဆုံးဖြတ်ချက်နှင့်အတူ ပင်လုံ စာချုပ်ကို ဖေဖော်ဝါရီလ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပင်လုံ စာချုပ် သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသသည့် သမိုင်းဝင်စာချုပ်ကြီးပင် ဖြစ် သည်။
ပြည်ထောင်စုကြီး၏ အကျိုးစီးပွား သယ်ပိုးဆောင်ရွက်
နယ်ချဲ့ဗြိတိသျှတို့က မသမာသော နည်းအမျိုးမျိုးသုံးကာ သွေးခွဲခဲ့သည့် ကြားမှပင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်ခဲ့ ခြင်းဖြစ်သည်။ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ကို အစွဲပြု၍ ထိုနေ့ကို ''ပြည်ထောင်စုနေ့'' ဟု သတ်မှတ်ခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်း အမှတ်အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် နိုင်ငံတော်ကကြီးမှူး၍ နှစ်စဉ် ကျင်းပခဲ့သည်။ အရေးကြီးက သွေးနီးကြမြဲဖြစ်သည့် အစဉ်အလာကောင်းများနှင့် အတူ နိုင်ငံတော်အပေါ် ကျရောက်လာသည့် အန္တရာယ်ရန်စွယ်ဟူသမျှတို့ကို အတူ တကွ တွန်းလှန်ကာကွယ်ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုအင်အားကို ပြသနိုင်ခဲ့သည်။ စည်းလုံးခြင်းသည် ခွန်အားကိုဖြစ်စေသည်နှင့်အညီ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အပါအဝင် တိုင်းရင်းသားလူမျိုးများဖြင့် စုစည်း တည်ထောင်ထားသည့် အမိ မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြသော သွေးချင်းသားချင်း တိုင်းရင်းသားညီအစ်ကို မောင်နှမများအချင်းချင်း ကူညီ ရိုင်းပင်းကာ ဥမကွဲသိုက်မပျက် အေးအတူပူအမျှ အတူတကွနေထိုင်ကြရင်း မျိုးချစ် စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ ဝံသာနုရက္ခိတစိတ်ဓာတ်တို့နှင့်အတူ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်ထောင်စုကြီး၏ အကျိုးစီးပွား ကိုပိုမို¶ဖြိုးတိုးတက်အောင် ဆတက်တိုး၍ သယ်ပိုးရွက်ဆောင်နိုင်ကြစေကြောင်း ဆန္ဒပြုလျက် ''(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့'' ကို ကြိုဆိုဂုဏ်ပြုပါသည်။
အောင်မြင့်စိုး(ရေစကြို)မြန်မာ့အလင်း
No comments:
Post a Comment