Latest News

Sunday, February 4, 2018

ယခုရာသီကာလတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားတတ်၍ အထူးဂရုပြုရန်လိုအပ်

ယခုရာသီကာလတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားတတ်၍ အထူးဂရုပြုရန်လိုအပ်

ရန်ကုန်  ဖေဖော်ဝါရီ  ၃

ယခုနှစ်နှစ်ဆန်းပိုင်းဖြစ်သော ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့်  မတ်လတို့တွင် အသက် ငါးနှစ်အောက် ကလေးငယ်များ၌ ဝမ်းပျက် ဝမ်းလျှော ရောဂါများ   ဖြစ်ပွားတတ်သောကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် အထူးဂရုပြုရန်လိုအပ် ကြောင်း  ရန်ကုန်မြို့ရှိ   ရန်ကင်းကလေးဆေးရုံ  တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။ ကလေးငယ်များသည်   တစ်ရက်လျှင် ဝမ်းအရည် သုံးကြိမ်မကပိုသွားလျှင် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ် ပွားခြင်းဖြစ်ကာ ရောဂါ အခြေအနေဆိုးရွားပါက အချိန်မီဆေးမကုသ လျှင် အသက်ဆုံးရှုံးသည်အထိ  ဖြစ်ပွားနိုင် သည်။

အဆိုပါရောဂါသည်  မသန့်ရှင်းသော ရေ၊ အစားအသောက်၊ မစင်နှင့် မသန့်ရှင်း သောလက်  စသည် တို့မှတစ်ဆင့်  ရောဂါ ကူးစက်နိုင်သည်။ ထို့ပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဝမ်းထဲတွင် ရေနှင့်ဆားဓာတ်ဆုံးရှုံးမှုဖြစ် ပေါ်လာပြီး ရေငတ်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း၊ ငိုသောအခါ  မျက်ရည်မထွက်ခြင်း အစရှိ သော ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာ ရပ်များဖြစ် ပေါ်လာနိုင်ကြောင်း၊  အလွန် အမင်း ရေဓာတ်ခန်းခြောက်လာပါက ခြေ လက်များအေးစက်လာကာ  အရမ်းမှိန်းကျ သွားပြီး နို့မစို့နိုင်ဘဲ   အသက်သေဆုံးသည် အထိဖြစ်ပွားနိုင်သည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်သောအခါ ဆုံးရှုံးသွားသော  ရေနှင့်ဆားဓာတ်ကို ပြန် လည်ဖြည့်တင်းနိုင်စေမည့်   ဝမ်းပျက်ဝမ်း လျှောရောဂါအတွက်    သီးသန့်ထုတ်လုပ် ထားသော ဓာတ်ဆားထုပ်များကို ညွှန်ကြား ထားသည့်  သတ်မှတ် အချိုးအစားအတိုင်း ဖျော်တိုက် သင့်ကြောင်း သိရသည်။ ယခုနှစ်   ဇန်နဝါရီလတွင်   ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်  ကလေးငယ်ဦးရေ ၃၃ဝ  ကျော်အထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment