Latest News

Thursday, February 22, 2018

ကျိုက္ကလွန်ပွန်းစေတီတော် စိန်ဖူးတော်တင်လှူပွဲ ကျင်းပမည်

ကျိုက္ကလွန်ပွန်းစေတီတော် စိန်ဖူးတော်တင်လှူပွဲ ကျင်းပမည်

ဓနုဖြူ   ဖေဖော်ဝါရီ  ၂၁

ဓနုဖြူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ကျိုက္ကလွန်ပွန်း စေတီတော် မြတ်ကြီး၏ တပေါင်းလပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီး၌ စိန်ဖူးတော်နှင့် ငှက်မြတ်နား တော် တင်လှူပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲများကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ  ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်ရက်အတွင်း စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူခြင်း အပြင် ပျော်ပွဲရွှင်ပွဲများအဖြစ် ဇာတ်ပွဲ၊ ဈေးရောင်းပွဲများလည်း ပါဝင်ကာ စည်ကား သိုက်မြိုက်စွာ  ကျင်းပသွားမည်ဖြစ်ပြီး  ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လည်း ကြွရောက်အလှူခံမည့် သံဃာတော် ၁၁၁ ပါးအား ပါဝင်လှူဒါန်း ကုသိုလ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။      အောင်သူဟိဏ်း(ဓနုဖြူ)မြန်​မာ့အလင်း

                                                 

No comments:

Post a Comment