Latest News

Tuesday, February 6, 2018

ဗန်းမော်မြို့၌ ပလတ်စတစ်အိတ်ဖြင့် စွန့်ပစ်ထားသည့် ကျည်ဆန် ၅၃ တောင့် တွေ့ရှိ

ဗန်းမော်မြို့၌ ပလတ်စတစ်အိတ်ဖြင့် စွန့်ပစ်ထားသည့်
ကျည်ဆန် ၅၃ တောင့် တွေ့ရှိ

ဗန်းမော် ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်    ဗန်းမော်ခရိုင် ဗန်းမော်မြို့ သီရိရပ်ကွက်အတွင်းရှိ ရေကန်ဘေးတွင် ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နာရီက ပလတ်စတစ်အိတ်ဖြင့် ထည့်ပြီး  စွန့်ပစ်ထားသည့် ပွိုင့် ၃ဝ၃ ရိုင်ဖယ်ကျည်ဆန် ၅၃ တောင့် တွေ့ရှိ ခဲ့ကြောင်း   နယ်မြေရဲစခန်းမှ  သိရ သည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့ သီရိရပ်ကွက် အုပ်ချုပ်ရေးမှူး   ဦးတင်အောင်စိုးက သီရိဇေ ဘုန်းတော်ကြီးကျောင်းရှေ့ တစ်ဖက်ခြမ်း ရေကန်စပ်လမ်းဘေး တွင် ပလတ်စတစ်အမည်းရောင်အိတ် ဖြင့် စွန့်ပစ်ထားသည့် ကျည်ဆန်များ တွေ့ရှိထားကြောင်း နယ်မြေရဲစခန်းသို့ ဖုန်းဖြင့်အကြောင်းကြားရာမှ မြို့မ ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ကျော်ကျော် ခိုင်နှင့် တာဝန်ရှိသူများ၊ နယ်မြေခံစစ် လက်နက်ပစ္စည်းတပ်မှ  တာဝန်ရှိသူ တို့က သွားရောက်ကြည့်ရှုရာ စက္ကူ အခွံနှင့် ထည့်ထားသည့် ၂၅ တောင့် ပါတစ်ဘူး၊ ၂၈ တောင့်ပါတစ်ဘူး စုစုပေါင်းကျည်ဆန် ၅၃ တောင့်ကို    သိမ်းဆည်းရမိ၍   နယ်မြေခံစစ်  လက်နက်ပစ္စည်းတပ် စစ်လက်နက် ဌာန၌ စနစ်တကျ သိမ်းဆည်းထား ကြောင်း သိရသည်။အဆိုပါ ကျည်ဆန်များမှာ ပွိုင့် ၃ဝ၃   ရိုင်ဖယ်ကျည်ဆံ  (မကောင်း) အဟောင်းများဖြစ်ကြောင်း   သိရ သည်။    
ဝင်းနိုင်(ကချင်မြေ)​ကြေးမှုံ

No comments:

Post a Comment