Latest News

Tuesday, February 6, 2018

ဆိုင်ကယ်လိုက်လံရောင်းချနေသူအား စစ်ဆေးရာမှ ခိုးယူထားသော ဆိုင်ကယ် ၁၁ စီး သိမ်းဆည်းရမိ

ဆိုင်ကယ်လိုက်လံရောင်းချနေသူအား စစ်ဆေးရာမှ
ခိုးယူထားသော ဆိုင်ကယ် ၁၁ စီး သိမ်းဆည်းရမိ

ဘားအံ ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်  လှိုင်းဘွဲမြို့နယ်  ထီလုံကျေးရွာအုပ်စု အနောက်ဘုန်းကြီးကျောင်းရှေ့ ကားရေဆေးဆီလိုက်ဆိုင် ၌   ဆိုင်ကယ်လိုက်လံရောင်းချနေသူအား  မသင်္ကာ၍ စစ်ဆေးခဲ့ရာ ယနေ့အထိ  ခိုးယူထားသော  ဆိုင်ကယ် ၁၁ စီးအား   ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်က လူငယ်တစ်ဦးမှာ   လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာအုပ်စု အနောက်ဘုန်းကြီးကျောင်းရှေ့ ကားရေဆေးဆီလိုက်ဆိုင်၌ ဆိုင်ကယ်တစ်စီးအား    လိုက်လံရောင်းချနေကြောင်း သတင်းအရ   ထီလုံနယ်မြေရဲစခန်း   ဒုရဲအုပ်နေလင်းဦး ဦးစီးအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ ဆိုင်ကယ်ရောင်းချသူမှာ ကျူးနား(ခ)နေရဲလင်း(၂ဝ) နှစ်၊ ကော့တာဟိုကျေးရွာ အောက်ရေပူကျေးရွာအုပ်စု လှိုင်းဘွဲမြို့နေသူဖြစ်ကြောင်း  သိရှိရပြီး  ဆိုင်ကယ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းပိုင်ဆိုင်ကြောင်း အထောက် အထား  တစ်စုံတစ်စုံတစ်ရာ   ပြသနိုင်ခြင်းမရှိသဖြင့် သိမ်းဆည်းပြီး ထီလုံနယ်မြေရဲစခန်မှ အရေးယူဆောင်ရွက်ခဲ့ သည်။

ဆက်လက်စစ်ဆေးချက်အရ ကျူးနား(ခ)နေရဲလင်း ခိုးယူထားသော  မော်တော်ဆိုင်ကယ်မျိုးစုံ ၁ဝ စီးကို  ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဆိုင်ကယ် ၁၁ စီး ဖော်ထုတ်နိုင်ခဲ့ပြီး သိမ်းဆည်းရမိသော ဆိုင်ကယ် တစ်စီးချင်းအလိုက်  ပြစ်မှုကျူးလွန်သူအား  ဆက်လက် အမှုဖွင့်အရေးယူဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရ သည်။ မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)​ကြေးမှုံ

No comments:

Post a Comment