Latest News

Saturday, February 3, 2018

အခွန်ကောက်ခံသည့်နှုန်းထား ပြင်ဆင်ထားသော်လည်း တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းမှုလိုင်စင် လျှောက်ထားခြင်းမရှိသေး

အခွန်ကောက်ခံသည့်နှုန်းထား ပြင်ဆင်ထားသော်လည်း တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းမှုလိုင်စင် လျှောက်ထားခြင်းမရှိသေး

ရန်ကုန် ဖေဖော်ဝါရီ ၁

ယခုနှစ် ဇန်န၀ါရီလမှစ၍ အခွန်ကောက် ခံသည့်နှုန်းထားပြင်ဆင်ထားသော်လည်း ယခု အချိန်ထိ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှုလိုင်စင် လျှောက်ထားခြင်းမရှိ သေးကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်း (MAMDA)ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းထံမှ သိရသည်။

“ဇန်န၀ါရီ ၁ ရက်ကစပြီး အခွန်ကောက် တဲ့နှုန်းထားကို ပြင်ဆင်ထားပေမယ့် တကယ်တမ်း ကားတင်သွင်းမှုက ၂၀၁၇ ခုနှစ်က လိုင်စင်လျှောက်ထားပြီး ၂၀၁၈ ခုနှစ် မှ တင်သွင်းလာတဲ့အတွက် အရင်ပုံစံအတိုင်း အခွန်ကို ကောက်ခံနေတာပါ။ ဇန်န၀ါရီလက စပြီး အခုချိန်ထိ တစ်ဦးချင်းတင်သွင်းမှု လိုင်စင် လျှောက်ထား သူမရှိသေးပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာကတော့ အပြောင်း အလဲကြားမှာ ပြဿနာတွေက ရှိလာနိုင်ပါ တယ်။ ပုဂ္ဂလိကအနေနဲ့ပြောရရင် အပြင်မှာ ပြောနေတာက  Invoice Value တိုင်းကို အခွန်ကောက်မယ်ဆိုရင် ဘယ်သူမဆို အခွန်လျှော့ပေးတာကိုပဲလိုချင်ကြတာပါ” ဟု ဒေါက်တာစိုးထွန်း ကပြောသည်။

သို့ဖြစ်၍ မော်တော်ယာဉ်တင်သွင်းရာ တွင် Invoice Value တစ်ခုတည်းမဟုတ်ဘဲ တခြားသော အမှန်တကယ် မိမိတင်သွင်း သည့် ဈေးနှုန်းအပေါ် စဉ်းစားပြီး အခွန် ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်ပတ်သက်၍ အခွန်ဆိုင်ရာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ ၂၀၁၈ မော်တော် ယာဉ်တင်သွင်းမှု မူဝါဒ နှင့် မော်ဒယ်မြင့်ကားများဖြစ်သွားသည့် အတွက် တင်သွင်းခြင်းကို စောင့်ကြည့်နေ သည့် အနေအထားမျိုးဖြစ်ကြောင်း၊ ထို့ပြင် ယာဉ်ယန္တရားတင်သွင်းသည့်ဒဏ်ကြေးနှင့် ပတ်သက်၍ မော်တော်ယာဉ်သိမ်းခြင်း၊ တန်ဖိုး တစ်ဝက်ကောက်ခံခြင်းစသည့် ပြစ်ဒဏ် များမှာလည်း မြင့်မားနေသဖြင့် ယင်းကိစ္စရပ် များနှင့်ပတ်သက်၍ မူဝါဒပိုင်းများပြောင်းလဲ ပေးရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

အခွန်ကောက်ခံသည့်နှုန်းထား ပြင်ဆင်ထားသော်လည်း တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းမှုလိုင်စင် လျှောက်ထားခြင်းမရှိသေး “ကျွန်တော်တို့ အခွန်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တင်ပြလိုတဲ့အချက်အလက် တွေရှိရင် စာနဲ့ရေးပြီး တင်ပြပေးထားမယ် ဆိုရင် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမှာဖြစ်ပါ တယ်” ဟု အကောက်ခွန်ဦးစီးဌာနမှ Valuation Section မှ လက်ထောက်ညွှန်ကြား ရေးမှူးဦးတင်မောင်ထွန်း ကပြောသည်။(MWD)

No comments:

Post a Comment