Latest News

Saturday, February 3, 2018

ဖေဖော်ဝါရီ ၁ ရက်မှစ၍ နယ်လိုင်စင်အပ် ကားများကို ရန်ကုန်လိုင်စင် ထုတ်ပေးမည်မဟုတ်

ဖေဖော်ဝါရီ ၁ ရက်မှစ၍ နယ်လိုင်စင်အပ် ကားများကို ရန်ကုန်လိုင်စင် ထုတ်ပေးမည်မဟုတ်

ရန်ကုန်   ဖေဖော်ဝါရီ   ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ညွှန်ကြားမှုအရ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် အပ်နှံသည့် ယာဉ်အို၊ ယာဉ်ဟောင်းများကိုသာ ရန်ကုန်လိုင်စင်ပြန်လည်ထုတ်ပေးမည်ဖြစ်‌‌ ကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန  တာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။

နယ်လိုင်စင်ဖြင့် အပ်နှံလာသော ယာဉ်အို၊ ယာဉ်ဟောင်းများကို နယ်လိုင်စင်သာ ထုတ်ပေးရန်နှင့် တခြားဒေသမှ ယာဉ်များကို ရန်ကုန်လိပ်စာဖြင့် ပြောင်းလဲထောက်ခံခြင်း မပြုပေးရန် က-ည-နရုံးများသို့ နေပြည်တော်ရုံးချုပ်မှ    ညွှန်ကြားချက် ထုတ်ပြန်ထား‌သည်။

 ''ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က  နယ်လိုင်စင်ကားတွေကို  ရန်ကုန်လိုင်စင် မပေးဖို့နဲ့ ရန်ကုန်အပ်ကားပဲ ရန်ကုန်လိုင်စင် ပြန်ထုတ်ပေးဖို့ ညွှန်ကြားထားပါတယ်။ နယ်လိုင်စင်ယာဉ်အို၊ ယာဉ်ဟောင်းတွေကို ရန်ကုန် လိပ်စာပြောင်းပြီး လာအပ်ရင်လည်း ရန်ကုန်လိုင်စင်အဖြစ် ထောက်ခံမပေးဖို့ က-ည-န ရုံးတွေကို နေပြည်တော်ရုံး ချုပ်က စာတွေပို့ ထားပါတယ်'' ဟု ၎င်းက‌ပြောသည်။

ထို့ကြောင့် ရန်ကုန်လိုင်စင်ရရှိရန် ရန်ကုန်နံပါတ် ယာဉ်အို၊ ယာဉ်ဟောင်းများကိုသာ အပ်နှံရမည်ဖြစ်သဖြင့် ရန်ကုန်နံပါတ်ယာဉ်  အို၊ ယာဉ်ဟောင်းများ ဈေးမြင့်တက်လာနိုင်ဖွယ်ရှိပြီး နယ်နံပါတ်ယာဉ်အို၊ ယာဉ်ဟောင်း  များအပ်နှံပါက  ရန်ကုန်လိုင်စင်မရရှိနိုင် သဖြင့် နယ်လိုင်စင်ကားများဈေးနှုန်းကျဆင်းနိုင်‌‌ကြောင်း  သိရသည်။

No comments:

Post a Comment