Latest News

Saturday, February 3, 2018

ဆန်ရောင်းဝယ်မှုစည်းကမ်းချက်များ ပြန်လည်ရေးဆွဲရန်စီစဉ်နေ

ဆန်ရောင်းဝယ်မှုစည်းကမ်းချက်များ ပြန်လည်ရေးဆွဲရန်စီစဉ်နေ

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းနှင့် ဆန်ကုန်စည်ဒိုင်များပူးပေါင်း၍ ဆန်ရောင်းဝယ်မှု စည်းကမ်း ချက်များကိုပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းစိုး ထံမှ သိရသည်။

“ဆန်အရောင်းအ၀ယ်ဈေးကွက်အတွင်း မှာ ငွေကြေးလိမ်လည်ခံရလို့ ဆုံးရှုံးမှုတွေ ဖြစ်နေတာက ဒီနှစ်အတွင်း မကြာခဏဆို သလိုဖြစ်နေပါတယ်။ ကုန်စည်ဒိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေက ဆန်စပါးလုပ်ငန်းအတွက် သိပ်အကျိုးမပြုဘူးဆိုပြီး တချို့ဝေဖန်တာ တွေရှိနေပါတယ်။ ဒီလိုဖြစ်နေတဲ့ ပြဿနာ တွေအပေါ်မှာ အရင်းခံပြီးတော့ ကောင်းမွန် တဲ့စည်းကမ်းတွေချမှတ်ဖို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးအောင်သန်းဦး ကပြော သည်။

ဆန်အရောင်းအ၀ယ် ဈေးကွက်တွင် ဇန်န၀ါရီလက ငွေကြေးပမာဏ ၅ ဒသမ ၆ ဘီလီယံဝန်းကျင်ခန့် ရှိသည့်ဆန်များကို Exporter တစ်ဦးက လိမ်လည်ကာထွက်ပြေး မှုဖြစ်ပေါ်ခဲ့သောကြောင့် ကုန်သည် ၆၆ ဦး ခန့် ငွေကြေးဆုံးရှုံးမှုရှိခဲ့ကြောင်းနှင့် ဆန် စပါးရောင်းဝယ်မှုတွင် မကြာခဏဖြစ်ပေါ်နေ သည့် ငွေကြေးလိမ် လည်ခြင်းကြောင့် ဆုံးရှုံးမှုများကို ကောင်းမွန်သည့် စည်းမျဉ်း စည်းကမ်းများချမှတ်ခြင်းဖြင့် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဆန်ရောင်းဝယ်မှု စည်းကမ်းချက် များကို ပြန်လည်ရေးဆွဲရခြင်းဖြစ်သည်။

ထိုသို့ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ရေးဆွဲရန် ဆန်အကျိုးဆောင် များအဖွဲ့၊ ဆန်စက်ပိုင်ရှင်နှင့် နယ်မှဆန်တင် ပို့သည့် ကုန်သည်များအစုအဖွဲ့နှင့် ပွဲရုံ လုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့ကုမ္ပဏီများ၊ ဆန်လက်လီ ဆိုင်ရှင်များပါဝင်သည့် ၀ယ်ယူ သူများအဖွဲ့ဟူ၍ အဖွဲ့သုံးဖွဲ့ခွဲကာ အကြို ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြာင်း၊ ဆွေးနွေးပွဲမှရလဒ်များကို ပြန်လည်ပေါင်း စည်းသုံးသပ်ကာ ဖေဖော်ဝါရီ ဒုတိယပတ် တွင်ဆွေးနွေးပွဲကြီး တစ်ခုကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment