Latest News

Friday, February 2, 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲ ပုသိမ်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲ ပုသိမ်တွင်ကျင်းပ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  မြို့တော်ခမ်းမ၌  ပထမဆုံးအကြိမ် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် လူအသုံးဆောင်ပစ္စည်များဈးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်မှ၎ရက်နေ့အထိ ၃ရက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရ ရှိသည်

အဆိုပါပြပွဲတွင်  ဆိုင်ခန်း ပေါင်း ၁၀၀ကျော်ခန့်ရှိပြီး ဧရာဝတီတိုင်းအတွင်း  ဒေသထွက်အစားအစာများ  ပုသိမ်ဟာလဝါ  ကြံခင်းထမင်းသုတ် မြန်အောင်ငါးပိကြော် ဖျာပုံငါးပိငါးခေ
ခြာက်များ ငွေဆောင်ဒေသထွက်ပစ္စည်းများ အုန်းခွံထုတ်ကုန်များ  ပြည်တွင်း တိုင်းရင်းဆေးဝါးများ ပြည်တွင်းကျော်စိမ်းများ မြန်မာ့သနပ်ခါးများ မီးဖိုချောင်းသုံးပစ္စည်းများ အိမ်တွင်းသုံးပစ္စည်းများ   တာယာထုတ်ကုန်များ  ပန်းချီပြခန်းများ အဝတ်အထည်များ  ပါဝင်ကြောင်း တွေ့ရသည်


၎င်းပြပွဲကျင်းပရခြင်းမှာ အဓိအနေနဲ့ အချင်းချင်းနည်းပညာ ဖလှယ်နိင်အောင် ပြုလုပ်ပေးတာဖြစ်ပြီး ဧရာဝတီတိုင်းမှာ လုပ်ငန်းပေါင်း ၈၂၉ ခုလောက်ရှိပြီး  အဲဒါတွေကိုစုစည်းပြီး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်သိနိင်အောင်ပါ
ဟု တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတနှင့် သဘဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းထံမှသိရသည်

 အဆိုပါ ပွဲတွင် ဧရာဝတီတိုင်းအသေးစားစက်မှူလက်မူ့လုပ်ငန်းဦးစီးဌာနပြခန်းများ ပါဝင်ပြီး ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ပြည်သူများအား ဆေးဝါးများနှင့်အစားအသောက်များစစ်ဆေးပြီး အန္တရာယ်ရှိစေတက်သည့် ပစ္စည်းနမူနာမျာနှင့်းဆေးဝါးနမှူနာများကို  ခင်းကျင်းပြသ လျက်ရှိသည်   ဒါ့အပြင် စားသုံးသူရေးရာ ဦးစီးဌာန နှင့်ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ စားသုံးသူရေးရာ အသိပညာပေးပြခန်းလည်းပါရှိသည်

ရွှေရည်ဝင်း

No comments:

Post a Comment