Latest News

Friday, February 2, 2018

တိရ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ အစမ်းခန့်ဝန်ထမ်းတစ်ဦး ကျားကိုက်ခံရ

တိရ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ အစမ်းခန့်ဝန်ထမ်းတစ်ဦး ကျားကိုက်ခံရ


နေပြည်တော်   ဖေဖော်ဝါရီ    ၂

မန္တလေးတိုင်းဒေသကြီး  တိရ္ဆာန်ဥယျာဉ်(ရတနာပုံ)၌  အစမ်းခန့်ဝန်ထမ်းတစ်ဦး  ဇန်နဝါရီ  ၃၁ ရက်ညနေ ၃ နာရီခွဲက ကျားကိုက်ခံခဲ့ ရကြောင်းသိရသည်။
ဖြစ်စဉ်မှာ တိရ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ ဇန်နဝါရီ ၁ရက်က စတင်အစမ်းခန့်ထားသည့် ဝန်ထမ်းဦးရဲမာန်ဦး ((Junieor Keeper)ကို  ဇန်နဝါရီ ၃၁ ရက်တွင် Senior Keeper ဦးအောင်မြဆန်း၊ ဦးအောင်နိုင်တို့နှင့်အတူ  ဝက်ဝံပြကွက်နှင့် မိကျောင်းပြကွက်များတွင်တွဲဖက် တာဝန်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဦးရဲမာန်ဦးမှာ ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီခွဲတွင်  ကျားရုံပြကွက်သို့မိမိသဘောအရသွားရောက်ကာ အသက်သုံးနှစ်အရွယ် ရှိကျားမ မိုးစက်ဝိုင်အား ပွတ်သက်ကိုင်တွင်ရာ ယင်းကျားမမှ ဦးရဲမာန်ဦး ဘယ်ဘက်လက်ကောက်ဝတ်အား ငုံခဲလိုက်သဖြင့်  ကျားရုံတာဝန် ကျ  Keeper များမှ  ကူညီဆောင်ရွက်ပေးမှုကြောင့် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့၍ ဆေးဝါးများကုသပေးလျက်ရှိသည်။
''ဒီကျားမမိုးစက်ဝိုင်က ငယ်ငယ်ကတည်းက နို့ဘူးတိုက်ပြီး မွေးထားတဲ့ကျားမလေးပါ။ လူတွေနဲ့လည်း ရင်းရင်းနှီးနှီး ပွတ်သက်နေထိုင် ပြီး အလွန်ယဉ်ပါးတဲ့ ကျးမလေးပါ။ ဒီကျားမလေးက မိတ်လိုက်ချိန် စိတ်အပြောင်းအလဲရှိနေလို့အခုလိုငုံခဲလိုက်တာပါ။ ပြီးတော့ ဝန်ထမ်းက လည်း ဒီကျားမလေးနဲ့မရင်းနှီးသေးတာလည်းပါမယ်။ ဒီဝန်ထမ်းကိုတော့ ဝက်ဝံပြကွက်နဲ့ မိကျောင်းပြကွက်တွေမှာ တွဲဘက်တာဝန်ချထားတာ ပါ။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ တိရ္ဆာန်ဥယျာဉ်တွေကို လာရောက်လေ့လာတဲ့ ဧည်သည့်တွေအနေနဲ့ အခုဖြစ်စဉ်ကို ဥပမာယူ စေချင်ပါတယ်။ တိရ္ဆာန်ဆိုတာ ဘယ်လောက်ယဉ်ပါးနေယဉ်ပါးနေ အ္တရာယ်ဆိုတာ သတိထားဆင်ခြင်သင့်ပါတယ်''ဟု တိရ္ဆာန်ဥယျာဉ် (ရတနာပုံ) အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က ပြောသည်။
တိရ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင်  ကျားအထီး ငါးကောင်၊ ကျားမလေးကောင် စုစုပေါင်း ကိုးကောင်ရှိပြီး နို့တိုက်တိရ္ဆာန် ၃၁၄ ကောင် နှင့် တွားသွားတိရ္ဆာန် ၃၇၁  စုစုပေါင်း အကောင်ရေ ၁၁ဝဝ ပြသထားကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-သိန်းမင်းအောင်

No comments:

Post a Comment