Latest News

Friday, February 2, 2018

နေရယ် လရယ် အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲ ဒုတိယပိုင်းအား ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်လွှင့်ရန်ရှိ

နေရယ် လရယ် အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲ ဒုတိယပိုင်းအား ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်လွှင့်ရန်ရှိ

၂ဝ၁၅ ခုနှစ်မှာ ရုပ်သံအစီအစဉ်အဖြစ်ပြသခဲ့သည့်  ''နေရယ် လရယ် အမှန်တရားရယ်'' ရုပ်သံဇာတ်လမ်းတွဲ၏ ဒုတိယပိုင်းဖြစ်သည့်  ''နေရယ် လရယ် အမှန်တရားရယ်''ရုပ်သံဇာတ်လမ်းတွဲ (၂) ကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီ  ၂၉ရက်မှာ စတင်ရိုက်ကူးပြီး နှစ်လယ်ပိုင်းတွင် ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ  ''နေရယ် လရယ် အမှန်တရားရယ်'' ဇာတ်လမ်း အပိုင်း(၂)တွင်  အမျိုးမျိုးသော အတက်အကျများကြားထဲတွင် လှုပ်ရှား နေထိုင်ကြရသော ဘဝများကို အခြေခံရိုက်ကူးသွားမည်ဖြစ်ပြီး  ကြုံတွေ့လာသည့်  အခက်အခဲပြဿနာများ၊   အကျင့်ပျက်ခြစားခြင်း၊ အကြမ်းဖက်ခံရခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ မြေယာမှတ်ပုံတင်ခြင်း ပြဿနာရပ်များ၊ အြေ<ွကးဆပ်ရန်အတွက် အတိုးကြီးကြီးဖြင့် ချေးငွေရယူပြီး ငွေတိုးချေးစားသူတို့၏ သားကောင်ဖြစ်သွားရသူတို့၏ ဘဝများကို  စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်သွားမည်ဟု သိရသည်။ ယင်းဇာတ်ကားတွင်  ရှေ့နေမလေး မေအဖြစ် ဆုပန်ထွာ၊ အောင်မြင်သော ရှေ့နေအဖြစ် ဘုဏ်းသိုက်၊ ရဲလူငယ် စိုင်းသူရအဖြစ်  မိုးယံဇွန်၊ အရည်အချင်းရှိသော ကျောင်းဆရာမအဖြစ် ခင်ဇာခြည်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင် မည်ဟု သိရသည်။
အဆိုပါ ဇာတ်ကား၏  အဓိပ္ပာယ်မှာ  တရားဥပဒေအကြောင်းကို အဓိကထားပြီး ရိုက်ကူးပြသသွားခြင်း ဖြစ်ပြီး  ပထမပိုင်း ရိုက်ကူးခဲ့သော ဇာတ်လမ်းတွင်လည်း လက်ရှိပြည်သူများ ကြုံတွေ့ခဲ့ရသော  ဥပဒေနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို ထည့်သွင်းရိုက်ကူးခဲ့ကြောင်း၊ ဒုတိယမြောက် ဇာတ်လမ်းတွဲဖြစ်ခြင်း ကြောင့် ပိုမိုထိရောက်မည့် ဇာတ်အိမ်ကောင်းများပါဝင်မည်ဟု သိရသည်။
ယင်းဇာတ်လမ်းတွင် ပါဝင်သူ သရုပ်ဆောင် မေပန်းချီကလည်း  '' 'နေရယ်လရယ်အမှန်တရားရယ်'ဇာတ်ကားဟာ  လူတွေ့ရဲ့ တကယ့်ဘဝမှာ ဖြစ်နေတဲ့အကြောင်းတွေကို သေသေချာချာ ဇာတ်ညွှန်းရေးဖွဲ့ ပြီး တင်ပြရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်၊  ဥပဒေနဲ့ပတ်သက်တာတွေကို  ဖော်ထုတ်ရိုက်ပြ သွားမှာဖြစ်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ရှေ့နေတွေအကြောင်းပါဝင်ပြီး ဒီဇာတ်ကားကို မြန်မာပြည် ဘက်က အန်တီဆွေဇင်ထိုက်၊ ဦးအောင်ကိုလတ်နဲ့ နိုင်ငံခြားသားတွေနဲ့ကုမ္ပဏီတွေ၊ ပြဲကျအငခန အဖွဲ့အစည်းတွေပူးပေါင်းပြီး မရှိဆင်းရဲသားတွေအတွက် တရားဥပဒေမျှတမှုကို ရိုက်ကူးထားတဲ့ ဇာတ်လမ်း တွဲဖြစ်ပါတယ်၊ ဒီလိုပြည်သူ့အတွက်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ပန်းချီ အနေနဲ့ အတိုင်းမသိဝမ်းသာကျေနပ်မိပါတယ်''ဟု ပြောသည်။                                                                  ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment