Latest News

Saturday, February 10, 2018

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်​ လက်လုပ်မိုင်းများတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်​ လက်လုပ်မိုင်းများတွေ့ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

မောင်တောမြို့နယ်၊ ဒိုးတန်းကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးနှင့် မဲဒီကျေးရွာအနီး၌ အဝေးထိန်းစနစ်သုံး လက်လုပ်မိုင်း ၁၀ လုံးတွေ့ရှိခဲ့သည်​။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငါးခူရကျေးရွာအနီး၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ဒိုးတန်းကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ငါးခူရ-ဒိုးတန်းသွား ကားလမ်းဘေး၌ မသင်္ကာဖွယ်ရာ ၀ါယာကြိုးစတွေ့ရှိ၍ ရှင်းလင်းဖော်ထုတ်ရာ အလျား ၈ လက်မ၊ အချင်း ၄ လက်မရှိ ကားပစ္စတင်ဖြင့်ပြုလုပ်ထားသော လက်လုပ်ရှော့ခ်တိုက်မိုင်းဟောင်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့၊ မဲဒီကျေးရွာစာသင်ကျောင်းအနီး၌ မြေကျင်းအတွင်း မသင်္ကာဖွယ်ရာ ပလတ်စတစ်ပုံးပျက်တစ်လုံးအားတွေ့ရှိကြောင်း သတင်းပေးပို့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အကျယ် ၃ ပေ၊ အနက် ၃ ပေခန့် မြေကျင်းအတွင်း အမည်းရောင် မိုးကာစဖုံးအုပ်၍ မြှုပ်နှံထားသည့်ပလတ် စတစ်ပုံးအတွင်းမှ အလျား ၁၀ လက်မ၊ အချင်း၂ လက်မခန့်ရှိ သံပိုက်လုံးဖြင့်ပြုလုပ်ထားသော သံချေးတက်နေသည့် အဝေးထိန်းစနစ် သုံးလက်လုပ်မိုင်း ၁၀ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။(MWD)


No comments:

Post a Comment