Latest News

Saturday, February 10, 2018

ညောင်ချောင်းသာကမ်းခြေ၌ စနေ၊ တနင်္ဂနွေ(အစိုးရရုံးပိတ်ရက်) များတွင် အပန်းဖြေလာရောက် လည်ပတ်သူ ပိုမိုများပြား

ညောင်ချောင်းသာကမ်းခြေ၌ စနေ၊ တနင်္ဂနွေ(အစိုးရရုံးပိတ်ရက်) များတွင် အပန်းဖြေလာရောက် လည်ပတ်သူ ပိုမိုများပြား

ညောင်တုန်း     ဖေဖော်ဝါရီ     ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ရန်ကင်းစံရွာကျေးရွာရှိ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ သဲသောင်ပြင်တွင် သဘာဝအတိုင်းတည်ရှိနေသော ညောင်ချောင်းသာအပန်းဖြေရေ ချိုးဆိပ်(ညောင်ချောင်းသာ) ကမ်းခြေသည် တစ်နှစ်ထက် တစ်နှစ် လူသိများထင်ရှားလာသော အပန်းဖြေကမ်းခြေတစ်ခု ဖြစ်လာသည်။

ရပ်နီးရပ်ဝေးမှ အပန်းဖြေလာရောက်လည်ပတ်သူများသည် ညောင်တုန်းမြို့မှ ညောင်ချောင်းသာကမ်းခြေသို့ ကား၊ ဆိုင်ကယ်တို့ဖြင့် တိုက်ရိုက်မောင်းနှင်နိုင်၍ ဆင်းသွားနိုင်ပြီး ကား၊ ဆိုင်ကယ်တို့ ရပ်နားထားရန် နေရာများ ကိုလည်း စနစ်တကျစီစဉ်ဆောင်ရွက်ပေးထားည်။ သဲသောင်ပြင်ပေါ်တွင် မိသားစုများ၊ မိတ်ဆွေအပေါင်းအသင်းများ အသင့် စားသုံးနိုင်ရန် စားသောက်ဆိုင်ခန်းများစွာတို့မှ သဘာဝအုန်းရည်၊ ဒေသထွက် အစားအစာများနှင့် အသီးအနှံ များကိုလည်း သန့်ရှင်းလတ်ဆက်စွာ စားသုံးနိုင်ပြီး အပန်းဖြေအနားယူနိုင်ရန် နေရာစားပွဲဝိုင်းထိုင်ခုံများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထား ပါသည်။

ကမ်းခြေသို့လာရောက်လည်ပတ်သူများသည် သဲသောင်ပြင်ကျယ်ပေါ်တွင် ပန်းလှိုမြစ်ကိုဖြတ်၍တိုက်ခတ် လာသော လေပြည်လေညှင်းများကို ခံစားနိုင်ခြင်း၊ ဘောလုံးပစ်၍ အစုအဖွဲ့လိုက်ကစားခြင်းတို့နှင့် လာရောက်အပန်း ဖြေသူများ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ကြက်ခြေနီတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း ထားရှိပေးထားပါသည်။
ညောင်ချောင်းသာကမ်းခြေတည်ရှိရာ ညောင်တုန်းမြို့သည် ရန်ကုန်မြို့နှင့် မိုင်ပေါင်း ၃၀ ကျော်ခန့်သာ ကွာဝေးပြီး ရန်ကုန်မြို့မှ လာရောက်လည်ပတ်သူများအဖို့ နေ့ချင်းပြန်သွားလာနိုင်ရန် လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ခြင်း၊ ခရီးသည်ကား(လိုင်းကား၊ အငှားကား) များလည်းပေါများခြင်းတို့ကြောင်းလည်း လာရောက်လည်ပတ်အပန်း ဖြေသူများအဖို့ ငွေအကုန်ကျနည်းပြီး စိတ်အေးချမ်းသာယာစွာ အပန်းဖြေအနားယူနိုင်ပါသည်။ ထို့ပြင် ညောင်တုန်း မြို့ရှိ သမိုင်းဝင်ထင်ရှားသော မိုးဟုတ်စေတီတော်၊ ဥသျှစ်လှစေတီတော်၊ သွန်းဘုရားကြီး၊ နိုင်ငံအေးဘုရားကြီး တို့ကိုလည်း ဖူးမျှော်နိုင်ပြီး ဒေသထွက်အစားအစာများဖြစ်သော ငှက်ပျော်ကြော်၊ ပဲလိပ်ပြာမုန့် တို့ကိုလည်း အိမ်အပြန်လက်ဆောင် အဖြစ်ဝယ်ယူနိုင်ပေသည်။

အဆိုပါ ညောင်ချောင်းသာအပန်းဖြေရေချိုးဆိပ်(ညောင်ချောင်းသာ) ကမ်းခြေသည် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ရှိ ခရိုင်၊ မြို့နယ်ပတ်ဝန်းကျင်ဒေသများမှ ပြည်သူများသာမက ရန်ကုန်မြို့နှင့် အခြားပြည်နယ်၊ တိုင်း များကပါ လာရောက်လည်ပတ်လျှက်ရှိပြီး ယခုလို စနေ၊ တနင်္ဂနွေ(အစိုးရရုံးပိတ်ရက်) များတွင် လာရောက်အပန်းဖြေသူများ ပိုမို များပြား စည်ကားလျှက်ရှိကြောင်းသိရသည်။
ဝဠာနိုင်(ညောင်တုန်း)ပြန်​/ဆက်

No comments:

Post a Comment