Latest News

Sunday, February 4, 2018

ရန်ကုန်မြို့၌ကျင်းပမည့် MMA ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်းများ ထုတ်ပြန်

ရန်ကုန်မြို့၌ကျင်းပမည့် MMA ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်းများ ထုတ်ပြန်

ရန်ကုန် ဖေဖော်ဝါရီ ၃

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပမည့် ကိုယ်ခံပညာပေါင်းစုံ MMA ပြိုင်ပွဲအတွက် တွဲဆိုင်းများကို One Championship က ယနေ့တွင် ထုတ်ပြန်ခဲ့ပြီး တွဲဆိုင်းကိုးဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

QUEST FOR GOLD အမည်ဖြင့် ကျင်းပမည့် အဆိုပါ MMA ပြိုင်ပွဲတွဲဆိုင်းများတွင် တွဲဆိုင်းကိုးဆိုင်း ပါဝင်မည်ဖြစ်ကာ အောင်လအန်ဆန်နှင့် ဖိုးသော်တို့က မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြည်ပတွဲဆိုင်း လေးဆိုင်းနှင့်အတူ ပြည်တွင်းတွဲဆိုင်း နှစ်ဆိုင်း ထည့်သွင်းထား၍ ပြည်တွင်းတွဲဆိုင်းတွင် ပထမဆုံး MMA မြန်မာအမျိုးသမီးနှစ်ဦး တွဲဆိုင်းကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

အဓိကတွဲဆိုင်းအဖြစ် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံအောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား အဲလက်ဇန္ဒားတို့သည် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုလုပွဲအဖြစ် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖိုးသော်မှာ ကမ္ဘောဒီးယားနိုင်ငံသား ဆိုဆေးနှင့် ဖယ်သာဝိတ်တန်းတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့နောက် ပြည်တွင်းတွဲဆိုင်းအဖြစ် စောမင်းမင်းနှင့် ရဲသွေးနီတို့မှာ ဖလိုင်းဝိတ်တန်း၊ ပထမဆုံး မြန်မာအမျိုးသမီးတွဲဆိုင်းအဖြစ် ဘိုဇီနာနှင့်လင်းယုန်မေတို့က ယှဉ်ပြိုင် မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး ယခုပြိုင်ပွဲတွင် အောင်လအန် ဆန် အနေဖြင့် မစ်ဒယ်ဝိတ်တန်းထက်မြင့်သည့် လိုက်ဟဲဗီးဝိတ်တန်းကို ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် အနိုင်ရရှိပါက ဝိတ်တန်းနှစ်ခုတွင် ချန်ပီယံအဖြစ်ခါးပတ်နှစ်ခုကို ပိုင်ဆိုင်မည်ဖြစ်သည်။

ထို့ပြင် ဖိုးသော်မှာ နိုင်ငံခြားသားနှင့် ပထမဆုံးယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြန်မာအမျိုးသမီးတွဲဆိုင်းကိုလည်း ပထမဆုံး ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment