Latest News

Friday, February 23, 2018

ပင်​လည်​ဘူးမြို့အထွက်​မှဘိန်းစိမ်းကျပ်​သိန်း(၁၀၀၀) ​ကျော်​ဖိုးဖမ်းမိ

ပင်​လည်​ဘူးမြို့အထွက်​မှဘိန်းစိမ်းကျပ်​သိန်း(၁၀၀၀) ​ကျော်​ဖိုးဖမ်းမိ

ကသာ  ဖေဖော်ဝါရီ   ၂၃

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊ပင်​လည်​ဘူးမြို့အထွက်​​နေရာမှ ဘိန်းစိမ်း ၄၆၅၃၈.၆၇ ဂရမ်​၊ကာလတန်​ဖိုး​ငွေကျပ်​သိန်း(၁၀၀၀)​ကျော်​ဖိုးဖမ်းမိခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ ၂၂၊၂၊၁၈ ရက်​​နေ့ည​​နေ ၅ နာရီအချိန်​ခန့်​တွင်​ပင်​လည်​ဘူးမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူး​သောင်း​ဋ္ဌေး ဦး​ဆောင်​​သောရဲတပ်​ဖွဲ့ဝင်​များသည်​သက်​​သေများနှင့်​အတူမြို့အထွက်​ပင်​လည်​ဘူး - ​ကောလင်းသွား ကားလမ်းတွင်​မူးယစ်​​ဆေးဝါးသတင်းအရ​စောင့်​ဆိုင်း​နေစဉ်​မြင့်​​အောင်​ဆိုသူ​မောင်းနှင်​လာ​သောဆိုင်​ကယ်​အားမသင်္ကာ၍ရပ်​တန့်ခိုင်းစဉ်​မြင့်​​အောင်​ မှာ ဆိုင်​ကယ်​အားရပ်​တန့်​ခြင်းမရှိဘဲ​မောင်းနှင်​ထွက်​​ပြေးသွားသဖြင့်​စခန်းမှူးနှင့်​အဖွဲ့မှလိုက်လံ၍လုံး​ထွေးဖမ်းဆီးရမိပြီး
ဆိုင်​ကယ်​အားရှာ​ဖွေစစ်​​ဆေးခဲ့ရာဆိုင်​ကယ်​​​ပေါ်တင်​ထား​သောပီနန်​အိပ်​အတွင်းအဝါ​ရောင်​တိတ်​များဖြင့်​ပတ်​ထား​သောဘိန်းစိမ်းအထုပ်​(၃၄)ထုပ်​၊ စုစု​ပေါင်းအ​လေးချိန်​ ၄၆၅၃၈.၆၇ ဂရမ်​၊ကာလတန်​ဖိုး ၁၃၉၆၁၆၀၀၀ ကျပ်​အားရှာ​ဖွေစစ်​​ဆေး​တွေ့ရှိရသဖြင့်​ ဘိန်းစိမ်းသယ်​​ဆောင်​သူ မြင့်​​အောင်​၊နမ်း​နောက်​​ကျေးရွာ၊လွိုင်​​ကော်​မြို့နယ်​၊ကယားပြည်​နယ်​​နေသူအားပင်​လည်​ဘူးမြို့မရဲစခန်းမှဥပ​ဒေအရဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက် ​ထား​ကြောင်းဒုရဲမှူး​သောင်း​ဌေးမှ​ပြောပြသိရှိရသည်​။
လူ​အောင်​(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment