Latest News

Thursday, February 8, 2018

ညောင်တုန်းမြို့နယ်အတွင်းခိုးဝင်ဘင်္ဂါလီ၇ဦးထက်မံဖမ်းဆီးရမိ

ညောင်တုန်းမြို့နယ်အတွင်းခိုးဝင်ဘင်္ဂါလီ၇ဦးထက်မံဖမ်းဆီးရမိ




ပုသိမ် ဖေဖေါ်ဝါရီ၈ရက်

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မအူပင်ခရိုင်  ဗိုလ်မြတ်ထွန်းတံတားဂိတ်တွင်  မော်တော်ကားတစ်စီးကိုစစ်ဆေးရာမှ ယနေ့ညနေ့၅နာရီကျော်အခန့်ကခိုးဝင် ဘင်္ဂါလီ၇ဦးထက်မံဖမ်းဆီးရမိကြောင်း ညောင်တုန်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမိုးထံသိရသည်

၎င်းတို့အားတင်ဆောင်လာသည့်ကားမှာ super cantenကားဖြစ်ပြီး ၁၆နှစ်အောက်ခိုးဝင်ဘင်္ဂါလီ၎ဦးနှင့်၁၈နှစ်အထက် ၃ဦးတို့ဖြစ်ကြောင်းကနဦးသတင်းရရှိသည်

"နောက်ထက်၇ဦးထက်မိတာပါ သူတို့ကမြန်မာစကားမပြောတက်ဘူးနားလည် နားမလည်ကြဘူး အရင်ကမိတဲ့၂၁ဦးကနားလည်တယ်ပြန်ပြောတက်တယ် "ဟု ညောင်တုန်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးကတိုင်းဧရာကိုပြောသည်

လက်ရှိတွင်ဖမ်းဆီးရမိသည့် ခိုးဝင်ဘင်္ဂါလီ၇ဦးအား ညောင်တုန်းစခန်းတွင်စစ်ဆေးမေးမြန်းလျက်ရှိပြီး ၎င်းသည်ခရီးသွားနေသောကြောင့် ပြန်လာမှသွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်

ဖေဖေါ်ဝါရီ၃ရက်နေ့ နေ့လည်၂နာရီအချိန်တွင် ခိုး ဝင်ဘင်္ဂါလီ(၂၁)ဖမ်းဆီးရမိပြီး လက်ရှိ၇ဦးထက်မံ ဖမ်းဆီးရခဲ့တာပါ

လက်ရှိတွင်တရားမဝင် ခိုးဝင်သူ ဘင်္ဂါလီ(၇)ဦးနှင့် ၎င်းတို့အား တင်ဆောင်လာသူ ယာဉ်မောင်း ပွဲစားအပါအဝင် သူများကို  တရားစွဲဆိုနိုင်ရေးအတွက် အမှုကိုခိုင်လုံစွာတည်ဆောက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီးယခင်ကဖမ်းဆီးရမိသည့်ခိုးဝင်ဘင်္ဂါလီ(၂၁)ဦးကိုညောင်တုန်းစခန်းတွင်အမှူဖွင့်အရေးယူထားလျက်ရှိကြောင်းသတင်သတင်းရရှိသည်

ဓာတ်​ပုံ-​ကောင်းမြတ်​၊သတင်းထောက် ရွှေရည်ဝင်း(တိုင်းဧရာ)

No comments:

Post a Comment