Latest News

Thursday, February 8, 2018

မြ၀တီမြို့တွင် ငါးဖမ်းဂိမ်းလောင်းကစားပြုလုပ်သည့် ဂိမ်းစက်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မြ၀တီမြို့တွင် ငါးဖမ်းဂိမ်းလောင်းကစားပြုလုပ်သည့် ဂိမ်းစက်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မြ၀တီ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊မြ၀တီမြို့တွင် ငါးဖမ်းဂိမ်းလောင်းကစားပြုလုပ်သည့်နေရာအား မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ပူးပေါင်း အဖွဲ့များဖြင့် ၀င်ရောက်ရှာဖွေရာမှ ငါးဖမ်းဂိမ်းစက်များနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လောင်းကစားပြုလုပ်သူများအား မြ၀တီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

  ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၁း၀၅ အချိန်ခန့်တွင် မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူရည် ဦးစီးတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် မျိုးကျော်ဦးစီး တပ်ဖွဲ့ဝင်များ၊ မြ၀တီရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မြ၀တီမြို့၊အမှတ်(၄)ရပ်ကွက်၊အလိုတော်ပြည့်လမ်းရှိ အရှည်ကြီး(ခ)ကိုခန့်၏ လောင်းကစားရုံတွင် ငါးဖမ်းဂိမ်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့် အတူဝင်ရောက်ရှာဖွေရာ လောင်းကစားရုံပိုင်ရှင် အရှည်ကြီး(ခ)ကိုခန့်(နေရပ်လိပ်စာစုံစမ်းဆဲ)မှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီး ငါးဖမ်းလောင်းကစားပြုလုပ်သူများဖြစ်သည့် မမေမြတ်နိုးဦး(ခ)မအိတုံ၊၂၂နှစ်နှင့်မခင်နှင်းလှိုင်(ခ)မသီတာလှိုင်၊ ၁၇နှစ်တို့အား တွေ့ရှိရသဖြင့် သက်သေများရှေ့ရှာဖွေရာ မမေမြတ်နိုးဦး(ခ)မအိတုံလွယ်ထားသော ဘေးလွယ်အိတ် အတွင်းမှ မြန်မာငွေရောရာ ငါးသောင်းကျပ်၊ ဂိမ်းစက်ဖွင့်သည့် သော့သုံးချောင်း၊ မခင်နှင်းလှိုင်(ခ)မသီတာလှိုင်လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ မြန်မာငွေရောရာ ငါးသောင်းတစ်ထောင်ကျပ်၊ ဂိမ်းစက်ဖွင့်သော့ လေးချောင်းတို့ကိုလည်းကောင်း၊ ဂိမ်းရုံအတွင်းမှ ငါးဖမ်းလောင်းကစားဂိမ်းစက်(၆)လုံး၊ ထိုင်ခုံမျိုးစုံ(၃၉)လုံးနှင့် လက်ဆွဲမီးစက်(၁)လုံးတို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 ထို့ကြောင့် ဂိမ်းရုံပိုင်ရှင် အရှည်ကြီး(ခ)ကိုခန့်(ထွက်ပြေးတိမ်ရှောင်နေသူ)နှင့် လောင်းကစားပြုလုပ်နေသူ မမေမြတ်နိုးဦး(ခ)မအိတုံ၊မခင်နှင်းလှိုင်(ခ)မသီတာလှိုင်တို့သုံးဦးအား မြ၀တီမြို့မရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)မြန်​မာ့အလင်း

No comments:

Post a Comment