တမူး ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြန်မာ-အိန္ဒိယနယ်စပ် အမှတ်-၂ ဂိတ်အနီးရှိ နမ့်ဖာလုံ ဈေး၌ ဖေဖော်ဝါရီ ၇ ရက် ည ၁ဝ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရ သည်။
အဆိုပါမီးလောင်မှုကို နယ်မြေခံ မီးသတ်တပ်ဖွဲ့များနှင့် ဒေသခံအဖွဲ့အစည်းများ အပြင် အိန္ဒိယနိုင်ငံဘက်မှ မီးသတ်တပ်ဖွဲ့များ၊ ကလေးမြို့ရှိ မီးသတ်တပ်ဖွဲ့များက မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းကူညီငြှိမ်းသတ်လျက်ရှိရာ ည ၁၂ ကျော်အချိန်အထိ မီးလောင်မှုကို မထိန်းနိုင်သေးကြောင်း သိရသည်။
''ကျွန်တော်တို့ သိရတာ ၁ဝ နာရီလောက်ကပဲ၊ ပေါက်ကွဲသံတွေတော့ ကြားနေရ တယ်၊ အခု ၁၂ နာရီကျော်အထိတော့ မီးငြှိမ်းသတ်နိုင်မှု မရှိသေးဘူး၊ အိန္ဒိယနိုင်ငံဘက် က မီးသတ်ယာဉ်တွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်နေကြတာတော့ တွေ့ရတယ်၊ ကလေးမြို့က မီးသတ်တပ်ဖွဲ့ကိုလည်း အကူအညီတောင်းထားတယ်လို့ သိရတယ်''ဟု ဒေသခံတစ်ဦး က ပြောသည်။ လက်ရှိအခြေအနေအထိ မီးလောင်ရသည့်အကြောင်းရင်းကို မသိရ သေးကြောင်း၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကို တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းအရ သိရသည်။ ဝင်းနိုင်(တမူး)မြန်မာ့အလင်း
No comments:
Post a Comment