Latest News

Wednesday, February 7, 2018

ထိုင်ဝမ်၌ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ရာ လူ ငါးဦးသေဆုံးပြီး ၂၅ဝ ကျော်ထိခိုက်

ထိုင်ဝမ်၌ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ရာ လူ ငါးဦးသေဆုံးပြီး ၂၅ဝ ကျော်ထိခိုက်

တရုတ်တိုင်ပေ  ဖေဖော်ဝါရီ  ၇

ထိုင်ဝမ်ဟွာလင်ဒေသအနီးတွင် ယမန်နေ့ညပိုင်းက ပြင်းအား ၆ ဒသမ ၅ ရစ်ခ်ျတာ စကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ နှစ်ဦးသေဆုံးခဲ့ပြီး ၂၅ဝ  ကျော် ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ ၇ ရက်က ဖော်ပြခဲ့သည်။
အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၂၄ ဒသမ ၁၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၁ ဒသမ ၇၁ ဒီဂရီအကြား မြေအောက်အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာ (စီအီးအင်န်စီ)က ဖော်ပြခဲ့သည်။

ငလျင်လှုပ်ခတ်မှုဒဏ်ကို  ထိုင်ဝမ်အနှံ့အပြားခံစားခဲ့ရကြောင်းနှင့်   ထိုင်ဝမ် အရှေ့ပိုင်း ဟွာလင်ရှိ လမ်းများနှင့် အချို့အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရ သည်။ ထိုင်ဝမ်တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် မာရှယ်ဟိုတယ်မှာ တိမ်းစောင်းပျက် စီးမှုများဖြစ်ခဲ့ပြီး လူသုံးဦးလည်း ပိတ်မိလျက်ရှိကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှု ကြောင့် ဆူအိုမှဟွာလင်သို့ ပြေးဆွဲသည့် အဝေးပြေးလမ်းကိုလည်း ယာယီပိတ်ထား ခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ ရက်မှစကာ အဆိုပါဒေသတွင် ငလျင်ငယ်ပေါင်း အကြိမ် ၁ဝဝ ကျော်လှုပ်ခတ်ခဲ့သည်ဟုဆိုသည်။ နောက်ထပ်ရက်သတ္တပတ်အတွင်း နောက်ထပ် ငလျင်ငယ်များပိုမိုလှုပ်ခတ်နိုင်ဖွယ်ရှိကြောင်း ငလျင်ကျွမ်းကျင်ပညာရှင်များက ခန့်မှန်း ထားသည်။ ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် သည်ဟွာလီယန်ရှိ ၁၂ ထပ် အဆောက်အအုံသို့ လာရောက်ခဲ့သည်။ ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူမှာ၂၅ဝ ကျော်ရှိပြီး  လူ ၈ဝ ခန့်ပျောက်ဆုံးနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူအများစုမှာ ပြိုကျ အဆောက်အအုံအတွင်း၌ ပိတ်မိနေကြခြင်းဖြစ်မည်ဟု ယူဆရသည်။

အလုပ်သမားများသည် အဆောက်အအုံကြီးပြိုလဲကျမသွားစေရန်  တားဆီး သည့်အနေဖြင့် အကြီးစားစက်ကိရိယာဖြင့် ထောက်ပင့်ထားခဲ့ကြကြောင်း ဆိုင်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။                              
မြန်​မာ့အလင်း

No comments:

Post a Comment