Latest News

Saturday, February 24, 2018

ကာရာဘာအိုဖလားချန်ပီယံက အာဆင်နယ်လား မန်စီးတီးလား

ကာရာဘာအိုဖလားချန်ပီယံက အာဆင်နယ်လား မန်စီးတီးလား

ဒီရာသီမှာ ပုံစံကောင်းတွေ  ပျောက်ဆုံးနေတဲ့ အာဆင်နယ်အသင်းနဲ့      အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း     တစ်သင်းဖြစ်တဲ့ မန်စီးတီးတို့       ဖေဖော်ဝါရီ ၂၅ ရက်မှာ ကာရာဘာအိုဖလား ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။    ဒီနှစ်သင်းဟာ     နောက်ဆုံးဗိုလ်လုပွဲစဉ်ဖြစ်တာနဲ့အညီ ပြိုင် ဆိုင်မှုပြင်းထန်လာမှာ အသေအချာပဲ ဖြစ်ပါ တယ်။ အရင်နှစ်တွေကဆိုရင်  ဒီဖလားကို အသင်းကြီးအများစုက စိတ်မဝင်စားကြပါဘူး။ အရန်ကစားသမားအများစုနဲ့သာ ဒီဖလားကို ကစားကြတာပါ။

ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ  အာဆင်နယ် အသင်းဟာ ချယ်လ်ဆီးအသင်းကို နှစ်ကျော့ ပေါင်း နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မန်စီးတီး အသင်းကလည်း ဘရစ္စတိုးစီးတီးအသင်းကို နှစ်ကျော့ပေါင်း      ငါးဂိုး-သုံးဂိုးနဲ့နိုင်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါ တယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပုံစံကောင်းတွေ  ပျောက်ဆုံးနေတဲ့အသင်း ဖြစ်ပြီး နည်းပြ အာစင်ဝင်းဂါးကလည်း ဖိအား တွေအောက်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ်နဲ့ လွဲချော်တာ ဖြစ်လို့ ယူရိုပါလိဂ် အဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့ အတွက်  အသင်းသားတွေအပေါ်မှာလည်း ဖိအားတွေ ပိုမိုများပြားခဲ့ရပါတယ်။ နည်းပြ အာစင်ဝင်းဂါးဟာ ရာသီတစ်ဝက်ရောက်တဲ့ အထိ   အသင်းကို   အကောင်းဆုံးပုံစံမှာ ဦးမဆောင်နိုင်သေးပါဘူး။ ဒါပေမဲ့ အာဆင် နယ်နည်းပြ အာစင်ဝင်းဂါးဟာ ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်လာဖို့ ဇန်နဝါရီဈေးကွက်ထဲမှာ လည်း  အူဘာမီယန်၊  မစ်ခီတာယန်တို့ကို ဝယ်ယူထားပြီး အကောင်းဆုံးပြင်ဆင်ထား တာ တွေ့ရပါတယ်။

အာဆင်နယ်အသင်းအတွက်  ဒီဖလား ဟာ အဓိကကျတဲ့ဖလားဖြစ်လာဖို့ များပါ တယ်။   ဒီဖလားတစ်လုံးသာ  ကြိုးစားပြီး အရယူလိုက်မယ်ဆိုရင် နည်းပြ အာစင်ဝင်းဂါး အတွက်ရော  အာဆင်နယ်အသင်းအတွက်ပါ ဖိအားတွေအောက်က     အတော်အသင့် လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

ဒီနှစ် ပရီမီယာလိဂ် ပထမအကျော့မှာ မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိထားခဲ့ပြီး တိုက်စစ် ခြေစွမ်းက ပိုပြီးကောင်းမွန်နေတာ တွေ့ရပါ တယ်။  မန်စီးတီးအသင်းဟာ  ဒီရာသီမှာ အောင်မြင်မှုတွေရယူဖို့ ငွေကြေးအများကြီး သုံးပြီး     ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့  မမျှော်လင့်ဘဲ အက်ဖ်အေဖလား ပွဲစဉ်မှာ   ဝီဂန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြ ဂွါဒီယိုလာအတွက် ဖိအား ရစေခဲ့ကာ  မန်စီးတီးရဲ့ ဒီရာသီဖလားလေးလုံး အိပ်မက်ပျက်ပြယ်သွားခဲ့ရပြီ  ဖြစ်ပါတယ်။ ဒါကြောင့် ကာရာဘာအိုဖလားဟာ မန်စီးတီး အတွက်       အလွန်အရေးကြီးနေပါ          တယ်။

ဒီဖလားသာ  လက်လွှတ်လိုက်ရမယ် ဆိုရင်   ဖိအားတွေ   များသည်ထက်များပြီး ယုံကြည်မှုတွေလည်း     လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖလားကို ရယူဖို့ အတွက် နည်းပြ ဂွါဒီယိုလာဟာ အကောင်းဆုံး ပုံစံတွေနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။

ကာရာဘာအိုဖလား သမိုင်းတစ်လျှောက် မှာ    အာဆင်နယ်အသင်းက ဗိုလ်လုပွဲကို ခုနစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆုကို နှစ်ကြိမ် ရရှိခဲ့ဖူးပါတယ်။ မန်စီးတီးအသင်း ကလည်း ဗိုလ်လုပွဲကို ငါးကြိမ် တက်ရောက် နိုင်ခဲ့ပြီး ချန်ပီယံဆုကို လေးကြိမ်အထိ ရယူ ထားတာကို တွေ့ရပါတယ်။

မန်စီးတီးအသင်းက ဒီဖလားကို ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီမှာ နောက်ဆုံးအကြိမ် ရယူထားတာဖြစ်ပြီး    အာဆင်နယ်အသင်း ကတော့ ၁၉၉၂-၁၉၉၃ ခုနှစ်နောက်ပိုင်းတွေမှာ ဒီဖလားနဲ့ ဝေးကွာနေတာဖြစ်လို့ အကောင်း ဆုံးပုံစံနဲ့ ကြိုးစားလာမှာပါ။ လီဗာပူးအသင်း ကတော့ ဒီဖလားကို    ရှစ်ကြိမ် ရယူထားပြီး     မန်ယူ၊   ဗီလာနဲ့     ချယ်လ်ဆီးတို့ကတော့ ငါးကြိမ်အထိ   ရယူထားတာ     တွေ့ရပါ     တယ်။ ခိုင်ဝင်း(​ကြေးမှုံ)

No comments:

Post a Comment