ပန်းတနော် ဖေဖေါ်ဝါရီ ၂၄ရက်
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပုသိမ်ရန်ကုန်လမ်းဘေး ရှိအောင်သပြေ ဘိုးဘွားရိပ်သာတွင် ယနေ့နံနက် ၁၀အချိန်ခန့်က
အဖြူရောင်နှလုံးသား ပရဟိတအဖွဲ့မှ ၁၀ကြိမ်မြောက်လှူဒါန်းမူ့အဖြစ် ပန်းတနော်တွင်ပြုလုပ်ခဲ့ကြောင်းသတင်းရ ရှိသည်
အဆိုပါလှူဒါန်းမှူမျိုးကို ၎င်းအဖွဲ့မှ လစဉ်ပြုလုပ်လျက်ရှိပြီး အသင်းသားများမှာ လစဉ်ကြေးအနေနှင့် တစ်ဦးကို၃၀၀၀ထည့်သွင်းမူ့များဖြင့် ခုလို လှူဒါန်းခဲ့ကြကြောင်း ၎င်းအဖွဲ့ ဝင်များမှဆိုသည်
ဘိုးဘွားများအား မြန်မာဆေးခြောက်မျိုး ခေါင်းအုန်း စောင် မုန့်မျိုးစုံ ရေခွက် ခြင်ထောင် ဆပ်ပြာ အချိုရည် သွားတိုက်ဆေး အဝတ်အစားများ အားဆေးများ ငွေသားများ ဘိုးဘွားများအားနေ့လည်စာကျေးမွေးမူ့များနှင့် ၎င်းတို့နေထိုင်ရာများကိုသန်ရှင်းမူ့များပြုလုပ်လျက်ရှိပြီး ဘုရားသန့်ရှင်းရေးဆောင်ရွက်ခြင်းများပြုလုပ် လှူဒါန်းခဲ့ကြောင်း အဖြူရောင်နှလုံးသားအွန်လိုင်းပရဟိတမိသားစုထံမှသိရသည်
"ကျွန်တော်တို့ခုလို တစ်လတစ်ခါ တစ်ပက် တခါလှူဖြစ်ပါတယ် တကယ်လိုအပ်တဲ့နေရာမျိုးကို စာရင်းပြုစုပြီးလှူဒါန်းလေ့ရှိတယ် ခုဆို ၁၂မြို့နယ် လှူခဲ့ပြီးဖြစ်ပါတယ် နေရာအနှံ မှာလှူသွားဖို့ကြိုးစားပြီးလုပ်ဆောင်သွားမှာပါ ပရဟိတစိတ်ပါတဲ့ဘယ်သူမဆို ကျွန်တော်တို့နဲ့အတူပူးပေါင်းပြီးလှူဒါန်းလို့ရပါတယ်"ဟု အဖြူရောင်နှလုံးသားအွန်လိုင်းပရဟိတမိသားစု အဖွဲ့ ဥက္ကဌ ဦးတင်မြင့်အောင်ကတိုင်းဧရာကိုပြောသည်
လက်ရှိလှူဒါန်းမှူ့တန်ဖိုးမှာဆယ်သိန်းဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကြောင့် အခက်ရှိတဲ့နေရာဒေသမျှိုးတွေကို အရေးကြီးရင်ကြီးသလို လှူဒါန်းလေ့ရှိကြောင်း ယင်းအဖွဲ့ဝင်များမှမြို့နယ်အသီးသီးတွင်ရှိကြပြီးအဖွဲ့ဝင်၉၀၀၀ကျော်ရှိကြောင်း၎င်းကဆက်လက်ပြောကြားသည်
အဆိုပါအဖွဲ့သည် မန္တလေး သာပေါင်း လားရှိုး ပွင့်ဖြူ မအူပင် မြေပုံ ကျိုတ်လတ် တနင်္လာရီ မြောင်းမြ နှင့်ပန်းတနော်တို့တွင် လှူဒါန်းပြီးစီးခဲ့ပြီဖြစ်သည်
ပန်းတနော်မြိုံရှိ အောင်သပြေဘိုးဘွားရိပ်သာသည် 2011ဧပြီလတွင် စတင်တည်ထောင်ခဲ့ပြီး အဘိုး၈ဦးအဘွား၁၀ဦးရှိကြောင်း၎င်းတိုမှာအသက်၈၀အထက်များသာဖြစ်ကြောင်း ဘိုးဘွားရိပ်သာ အုပ်ချူပ်သူဦးအုန်းမြမှဆိုသည်
အဖြူရောင်နှလုံးသားအွန်လိုင်းပရဟိတမိသားစု အဖွဲ့သည်၂၀၁၆ ၁၀လပိုင်းတွင်စတင်လှူပ်ရှားခဲ့ပြီး အသင်းအဖွဲ့မှတ်ပုံတင် အမှတ်(၁/ပြည်တွင်း /၀၃၇၀) အမှတ်အဖြစ် နိုင်ငံတော်၏တရားဝင်မှတ်ပုံရ ရှိပြီးသော်အဖွဲ့ဖြစ်ကြောင်းအဖြူရောင်နှလုံးသားအွန်လိုင်းပရဟိတမိသားစု အဖွဲ့ထံမှသိရသည်
သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ရွှေရည်ဝင်း
No comments:
Post a Comment