အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အဌမ
အကြိမ် တိုင်း၊ခရိုင်၊မြို့နယ်စုံညီတွေ့ဆုံပွဲ ကျင်းပ
ရန်ကုန်။ ။ဖေဖော်ဝါရီ ၃ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီးအဌမအကြီမ် တိုင်း၊ခရိုင်၊မြို့နယ်စုံညီတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့ မင်ဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဦးဥာဏ်ဝင်းက ယနေ့ကျင်းပသည့်စုံညီအစည်းအဝေး၏အကျိုးရလဒ် ကိုယခုကဲ့သို့ပြောကြားသည်။
" ဒီလိုကျင်းပတဲ့စုံညီအစည်းအဝေးဟာ ဘယ်လိုအကျိုးရလဒ်တွေရသလဲဆိုတာကို စဉ်းစားကြည့်တဲ့အခါ ဒီမိုကရေစီတည်ဆောက်တယ်ဆိုတာက အခြေခံအားဖြင့် အားလုံးပွင့်ပွင့်လင်းလင်းနဲ့ ထိတွေ့ဆက်ဆံမှုက အဓိကပါ၊ ဗဟိုကပဲဖြစ်ဖြစ်ပါတီကဖွဲ့စည်းလိုက်တဲ့အစိုးရကပဲဖြစ်ဖြစ် မိမိအဆင့်ဆင့်သောအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးပါတယ်။ ပါတီကလည်းပြည်သူလူထုနဲ့ အမြဲတမ်းထိတွေ့ရမှာပါ ဒီလိုထိတွေ့ဆက်ဆံမှသာ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ချီတက်နိုင်မှာဖြစ်ပါတယ် ဒီလိုထိတွေ့ဆက်ဆံမှသာ လိုအပ်ချက်တွေ ဖြည့်တင်းရမယ့်အချက်တွေကို တိုက်ရိုက်သိရှိနိုင်မှာဖြစ်ပါတယ်၊ ဒီလိုဆုံတွေ့တဲ့စုံညီအစည်းအဝေးမှာ အမြဲတမ်းဆွေးနွေးကြဖို့လိုအပ်သလို လေးလေးနက်နက်ဆွေးနွေးကြဖို့လိုအပ်ပါတယ်၊ ဒီလိုတွေ့ဆုံတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ်ဝေဖန်ပါ
ဒါပေမယ့် အဖွဲ့စည်းတစ်ဖွဲ့အတွက် အုပ်စုတစ်စုအတွက်ပြောဆိုတာ လုပ်ကိုင်တာမဖြစ်ဖို့အရေးကြီးပါတယ်၊ ဒီမိုကရေစီလိုချင်တဲ့အတွက် ဒီမိုကရေစီနည်းကျကျ ထိတွေ့ဆက်ဆံမှုကနေ အကျိုးရလဒ်တွေရအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်" ဟုပြောကြားသည်။
အတွင်းရေးမှူးအဖွဲ့ဝင်ဦးဟံသာမြင့်က ဒီမိုကရေစီ၏မူလမူဝါဒဖြစ်သည့် Check and Balence ၊အချင်းချင်းဝေဖန်နှင့် မိမိကိုယ်မိမိဝေဖန်ရေး သတင်မီဒီယာများကို ကြေးမုံပြင်တစ်ချပ်ကြည့်သကဲ့သို့ ဝေဖန်မှုများ ရေးသားချက်များ မှန်ခြင်းမမှန်ခြင်းအပေါ် ပယ်ချရန်ဂရုတစိုက်ရှိရန်လိုအပ်ပြီး ယင်းကြေးမုံပြင်ကိုပြန်လည်ကြည့်ရှုပြီး မိမိတို့ဘာဖြစ်နေသည်ဆိုသည်ကို မိမိကို မိမိကြည့်ရန်အရေးအကြီးဆုံးပင်ဖြစ်ကြောင်းမြန်မာနိုင်ငံ၏ မဏ္ဍိုင် သုံးရပ်အခြေအနေဆက်စပ်လုပ်ကိုင်နေရပုံကို စီးပွားရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များနှင့် ခိုင်းနှိုင်းရှင်းလင်းခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ရန်ကုန်တိုင်းဒေသကြီးအဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ဦးမြင့်ဌေး ၊ဗဟိုအလုပ်အမှုဆောင်ဦးအောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့က အစည်းအဝေးနှင့်ပတ်သက်သည့်အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသောမြို့နယ်များက မြို့နယ်အစီရင်ခံစားများကို တင်သွင်းဖတ်ကြားပြီး အစည်းအဝေးကို ညနေပိုင်းအထိ ဆက်လက်ကျင်းပခဲ့သည်။အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ဥက္ကဌ၊ဒုတိယဥက္ကဌနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊တိုင်း၊ခရိုင်၊မြို့နယ်များမှ အလုပ်အမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
YRG Info:
Saturday, February 3, 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အဌမ အကြိမ် တိုင်း၊ခရိုင်၊မြို့နယ်စုံညီတွေ့ဆုံပွဲ ကျင်းပ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အဌမ အကြိမ် တိုင်း၊ခရိုင်၊မြို့နယ်စုံညီတွေ့ဆုံပွဲ ကျင်းပ
Reviewed by Ar Ti
on
9:33 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment