Latest News

Saturday, February 3, 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၌ဇန်နဝါရီလ အတွင်းယာဉ်မတော် တဆမှု ၄၁ မှုဖြစ်ပွား ၉ ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၌ဇန်နဝါရီလ အတွင်းယာဉ်မတော် တဆမှု ၄၁ မှုဖြစ်ပွား ၉ ဦးသေဆုံး


နေပြည်တော်-ဖေဖေါ်ဝါရီ -၃

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများလျော့နည်း ပပျောက်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းများအဆင့်မြှင့်တင်ခြင်း၊ သတိပေးဆိုင်းဘုတ်များ တတ်ဆင်ပေးခြင်း၊ အမြန်လမ်း တစ်လျောက်ကျေးရွာများတွက် ကျွဲနွားတိရစ္ဆာန်များမတက်ရောက်စေရန် အကာအရံ များဆောင်ရွက်ပေးခြင်း လုပ်ငန်းများအားဆောင်ရွက်ပေးခြင်း၊ အမြန်လမ်းရဲတပ်ဖွဲ့ အနေဖြင့် အမြန်လမ်းမကြီး ပေါ်တွင် တက်ရောက်မောင်း နှင်သည့်ယာဉ်များ ယာဉ် မတော် တဆမှုမဖြစ်စေရန် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ်များအား အမြန်နှုန်းတိုင်းကရိယာများ အသုံးပြုဖမ်းဆီးအရေးယူခြင်း၊ ယာဉ်မောင်း နှင့်ယာဉ်ပေါ်ပါရှိသူများအား ခါးပတ်တပ်ဆင်မှုရှိစေရန်ပညာပေး၍ ပညာပေးကာလ ကျော်လွန်သည့် အခါ စစ်ဆေးအရေးယူခြင်း၊ အမြန်လမ်းတစ်လျှောက်ကျေးရွာများတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောခြင်း။ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း။အနှေးယာဉ် ဆိုင်ကယ်သုံးဘီး ကျွဲနွား တိရစ္ဆာန်များ အမြန်လမ်းပေါ် တက်ရောက် မောင်းနှင်မှုမရှိစေရေး ပညာပေးခြင်းများဆောင်ရွက် ပေးလျှက်ရှိသည်။ ထိုကဲ့သို့ အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများလျှော့နည်း ပပျောက်ရန် ဆောင်ရွက် နေသော်လည်း ယာဉ်မောင်းသူများက မဆင်မခြင်မောင်းပေါ့ဆစွာ မောင်းနှင်မှု။ အမြန်လမ်းပေါ်တက်ရောက် မောင်းနှင်မည့်ယာဉ်များအား ကြံ့ခိုင်ရေး စစ်ဆေးမှုအားနည်းခြင်း။ ရာသီဥတုကြောင့်လည်းကောင်း လမ်းကြောင့်လည်းကောင်း အမြန်လမ်းမပေါ်တက်ရောက်မောင်းနှင်ခွင့်မရှိသော အနှေးယာဉ်များ သုံးဘီးဆိုင်ကယ် များ။ကျွဲနွားတိရစ္ဆာန်များကြောင့် လည်းကောင်း ယာဉ်မတော်တဆမှုများဖြစ်ပွား လျက်ရှိရာ ၂၀၁၈ ခုနှစ်ဆန်းပိုင်းဖြစ်သည့် ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု (၄၁)မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၅ ဦး အမျိုးသမီး ၄ဦး ပေါင်း ၉ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၄၇ ဦး အမျိုးသမီး ၃၆ ဦး ပေါင်း ၈၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထို့အတူ ယနေ့နံနက် ၉ နာရီမိနစ် ၅၀ က အမြန်လမ်းမကြီး၏ ဗောဓိကုန်း အမြန်လမ်းအပိုင်း မိုင်တိုင်အမှတ် ၁၃၈/၁ နှင့် ၁၃၈/၂ အကြား ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း ဇေယျာထွေး မောင်နှင်လာသော Honda Fit မော်တော်ယာဉ်မှာ ဝဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလည်ကျွန်းကပ်တုံး သို့ဝင်တိုက်မိ ခဲ့သည်။ ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း ယာဉ်မှာအနည်းငယ် ပျက်စီးသွား သည်။ သို့ပါ၍ယာဉ်မောင်းအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်းသိရ သည်။
သန်းဦး(လေးမျက်နှာ)၊ ဓါတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့

No comments:

Post a Comment