Latest News

Friday, February 2, 2018

ကျေးဇူးရှင်မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူး

ကျေးဇူးရှင်မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူး

စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး ဓမ္မနာဒ ချောင် သာသနဓဇသိရီပဝရ ဓမ္မာစရိယ အစိုးရပထမကျော် ပရိယတ္တိသာသန ဟိတဓမ္မာစရိယ၊ ဝဋံသကာ၊ ဝိသိဋ္ဌဝိနယ ဓရ၊ မဟာဝိနယကောဝိဓ၊ ဝိသိဋ္ဌအာဘိ ဓမ္မိက၊ မဟာအဘိဓမ္မကောဝိဒ၊ ဝိသိဋ္ဌ ဒီဃဘာဏက၊ မဟာဒီဃနိကာယ ကောဝိဒ၊ ဗုဒ္ဓသာသနာဝိသိဋ္ဌ၊ တိပိဋက ဓရ၊ မဟာတိပိဋကဓရ၊ မဟာတိပိဋက ကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသဂ¯ယနာ ဝိဿဇ္ဇက၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ မဟာဗုဒ္ဓဝင်ကျမ်းပြု၊ နိုင်ငံတော်သံဃ မဟာနာယကပဌမ အကျိုးတော်ဆောင်၊ မင်းကွန်းဆရာ တော် အရှင်ဝိစိတ္တသာရာဘိဝံသည် ၁၃၅၄ ခုနှစ် တပို့တွဲလပြည့်ကျော် ၃ ရက်၊ (၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီ လ ၉ ရက်) အဂ¯နေ့ညနေ ၄ နာရီ မိနစ် ၄ဝ အချိန်တွင် ဘဝနတ်ထံပျံလွန်တော် မူခဲ့ပါသည်။
ကျေးဇူးရှင်မင်းကွန်းတိပိဋကဆရာ တော်ဘုရားကြီးသည် ထူးခြားသော Óဏ်၊  ဝီရိယတို့ကြောင့်  ပရိယတ္တိ သာသနာတော်၌ ရှေးဦးစွာ စတင်ပေါ် ထွန်းတော်မူသော တိပိဋကဆရာတော် တစ်ပါးဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် အားလုံးသိရှိပြီး ဖြစ်ကြပါသည်။ ဆရာ တော်ဘုရားကြီးသည် သင်ရိုးပိဋကတ် သုံးပုံစာအုပ်ရေ ၂ဝ စာမျက်နှာ(၈ဝ၂၇) တို့ကို အထောက်အမ မရှိ၊ အမှားအယွင်း မရှိ၊ တိကျပြတ်သားစွာ နှုတ်တက်အာဂုံ ဆောင်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ''က္ဘာ့ စံချိန်မှတ်တမ်းများ'' အမည်ရှိ က္ဘာ ကျော်စာအုပ်ကြီးထဲ၌ အရှင်ဝိစိတ္တသာရ အား ''က္ဘာ့မှတ်Óဏ်အကောင်းဆုံး ပုဂ္ဂိုလ်'' ဟု နှစ်ကြိမ်တိုင်တိုင် မှတ်တမ်း တင်ထားပါသည်။
မင်းကွန်းဆရာတော်ဘုရားကြီး သည် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ ကြီးတွင် ၁၃၁၁ ခုနှစ် ကဆုန်လမှစ၍ ၁၃၁၅ ခုနှစ် နတ်တော်လအထိ လေးနှစ် နှင့် ခုနစ်လတိုင်တိုင် ပိဋကတ်သုံးပုံကို အာဂုံပြန်ဆိုနိုင်ခြင်းကြောင့်  ဝိသိဋ္ဌ ဂုဏ်ထူးကို ရရှိ၏။  ရေးဖြေတွင်လည်း ၉၅ ရာခိုင်နှုန်း အောင်မှတ်ရကာ ဖြေဆို နိုင်ခြင်းကြောင့်   မဟာဂုဏ်ထူးကို ရရှိသဖြင့် ''ဗုဒ္ဓသာသနာ(ဝိသိဋ္ဌ) တိပိဋကဓရ (မဟာ) တိပိဋကကောဝိဒ'' ဟူသော ဂုဏ်ထူးနှစ်ထပ်ဘွဲ့ထူးကို ပထမဆုံးရရှိတော်မူခဲ့သည်။ ထို့ကြောင့် ပင်လျှင် မြန်မာနိုင်ငံတော်ဝယ် ''တိပိဋ ကဓရအစ   အရှင်ဝိစိတ္တသာရာဘိဝံ  သက '' ဟု ဆိုစမှတ်ပြုရပေသည်။
၁၃၁၆ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဆဋ္ဌသဂ¯ယနာတင်သဘင်ပွဲကြီး စတင် ကျင်းပခဲ့၏။ မြန်မာ၊ သီရိလင်္ကာ (သီဟိုဠ်)၊ ထိုင်း၊ လာအို၊ က္ဘောဒီးယား ဟူသော ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ ဆရာတော်ကြီးများပါဝင်သည့် သဂ¯ ယနာပွဲကြီး၏   သဘာပတိမှာ အဘိ ဓဇမဟာရဋ္ဌ ဂုရုညောင်ရမ်းဆရာတော် ဘဒ္ဒ္တရေဝတမထေရ်ဖြစ်၏။ အဂ္ဂ မဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘဒ္ဒ္တသောဘနက ပ္ဆက(အမေး)ဆရာ တော်အဖြစ်ဖြင့် ဆောင်ရွက်၍ ဘဒ္ဒ္တ ဝိစိတ္တသာရာဘိဝံသ ဆရာတော်က ဝိဿဇ္ဇက(အဖြေ) ဆရာတော်အဖြစ် ဆောင်ရွက်တော် မူခဲ့ကြပါသည်။
ဆဋ္ဌသဂ¯ယနာခေတ်တွင် မြန်မာ နိုင်ငံတော်ဝန်ကြီးချုပ်   ဦးနုသည် တိပိဋက ဆရာတော်ဘုရားကြီးအား မဟာဗုဒ္ဓဝင်ကျမ်းကြီးကို ဦးစီးရေးသား ရန်၊ ထိုသို့ရေးသားရာ၌ ဗုဒ္ဓ၏အကြောင်း အရာ မှန်သမျှအပ်ကျသည်ကမကျန်ရ အောင် ရေးသားပြုစုပါရန် နိုင်ငံတော် အစိုးရကိုယ်စားနိုင်ငံတော်ဗုဒ္ဓသာသန နုဂ္ဂဟအဖွဲ့ကြီး၏ အကူအညီအားကို ရယူကာ အကြိမ်ကြိမ် လျှောက်ထား၏။ သို့အတွက် ဆရာတော်ဘုရားကြီးက             ''စေတနာ့   ဝန်ထမ်းအဖြစ်ဖြင့်သာ ဆောင်ရွက်ခွင့်ရလျှင်   ရုံးကိစ္စအဝဝ ပတ်သက်မှုမရှိစေရန်နှင့်  စာပေကိစ္စ တွင်သာ  ဦးစီးဆောင်ရွက်ခွင့်ပြုရန်'' ဟူသော ဝန်ခံကတိသုံးချက် တောင်း၍ လက်ခံရေးသားခဲ့ပါသည်။
ဆရာတော်ဘုရားကြီးသည် မဟာ ဗုဒ္ဓဝင်ကျမ်းကြီးကို ပါဠိတော်၊ အဋ္ဌ ကထာ၊ ဋီကာများကို ကြည့်၍ တစ်ခါ တည်းကိုယ်တိုင် လက်နှိပ်စက်ရိုက်၍ ပြုစုတော်မူ၏။ မဟာဗုဒ္ဓဝင်ကျမ်းကြီးကို ဆဋ္ဌသဂ¯ယနာ၏ ဖွားဖက်တော်ဖြစ်၍ အတွဲအားဖြင့်  ခြောက်တွဲခွဲခြား၏။ ထိုကျမ်းကြီးတွင် ပါဝင်သော အကြောင်း အရာစာများမှာ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးတရားများဖြစ်၍  အုပ်ရေ အားဖြင့်    ရှစ်အုပ်ပိုင်းခြားထား၏။ ဘုရားရှင်ကိုယ်တော် မြတ်ကြီးသည် ၄၅ ဝါပတ်လုံး  မနားမနေသတ္တဝါတို့၏  အကျိုးစီးပွားတို့ကို ဆောင်ရွက်ခဲ့သည် ကို ကြည်ညိုပူဇော်လို၍ အခန်းအားဖြင့် ၄၅  ခန်း ဆင်မြန်းသတ်မှတ်ခဲ့၏။ စာမျက်နှာအားဖြင့် ၅၅၁၆ မျက်နှာရှိ သော နိုင်ငံတော်ဗုဒ္ဓသာသနာ မဟာ ဗုဒ္ဓဝင်ကျမ်းကြီးကို ရေးသားပြုစုတော် မူခဲ့သည်။ မဟာဗုဒ္ဓဝင်ကျမ်း စာအုပ်များ ပြီးစီးချိန်တွင် စာပေပညာရှင် သုတေသီ များက  ''အခိုင်အမာ  အကိုးအကားခံ စာအုပ်ကြီးတစ်ဆူဖြစ်၏။ ရေးသား ထားပုံမှာ ယဉ်သည်၊ သန့်သည်၊ ခံ့သည်၊ ညက်ညောသည်''  ဟူ၍ ဝေဖန်ချီး ကျူးခဲ့ကြ၏။ ယနေ့အထိ အကြိမ်ပေါင်း များစွာ ရိုက်နှိပ်ခဲ့ရ၍ မဟာဗုဒ္ဓဝင် ကျမ်းကြီးများသည် မြန်မာတို့၏ထေရ ဝါဒ ဗုဒ္ဓသာသနာဂုဏ်ဆောင် သမိုင်း ပြောင်စေသည့် ကျမ်းကြီးများဖြစ်ကြပါ သည်။
ဆရာတော်ကြီးသည် သာသနာ တော်ကြီး၏အကျိုးမျှော်ရည်ကိုးလျက် တိပိဋကဓရဆရာတော်များ ပေါ်ထွန်း လာရန်အရေး    မျှော်တွေးလျက်၊ မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေတွင် ''တိပိဋကနိကာယကျောင်းတိုက်''ကြီးကို ၁၃၄ဝ ပြည့်နှစ်က စတင်ပြီး တည်ထောင်ထားခဲ့၏။ ဆရာတော် ကြီးသည် ပိဋကသုံးပုံ ကျမ်းစာများကို စာသင်သား ရဟန်းတော်များအား  စည်းကမ်းတကျ  နည်းòန်လမ်းပြ      သင်ကြားပို့ချပေးစေတော်မူခဲ့ပါသည်။ တိပိဋကနိကာယကျောင်းတိုက်ကြီးတွင် ဆွမ်း၊ ကွမ်းစသော ပစ္စည်းလေးပါး တို့ကိုငြိုငြင်မှုမရှိစေရဘဲ တိပိဋကဓရ လောင်းလျာ စာသင်သားရဟန်းတော် တို့သည် ပိဋကတ်စာပေကို ကျက်၊ ပြန်၊ ကြံ၊ ကြည့်ကြိုးစားလျက်ရှိနေသော ကျောင်းတိုက်ကြီးပင်ဖြစ်ပေသည်။
ထိုမှတစ်ပါး ဆရာတော်ကြီးသည်  မြန်မာပြည်အနှံ့အပြား လှည့်လည်၍   တရားဓမ္မတော်များ ဟောကြားခြင်းဖြင့် ရရှိလာသော  အလှူဝတ္ထုငွေဖြင့်  သာသနာပြုလုပ်ငန်းများစွာ ဆောင်ရွက် တော်မူခဲ့ပါသည်။ ထိုသို့သော လုပ်ငန်း များထဲမှ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးနှစ်တိုက်သည် ခမ်းနား ထည်ဝါစွာပေါ်လွင် ထင်ရှားလျက်ရှိပါ သည်။  ရန်ကုန်မြို့တွင်  တက္ကသိုလ် ကျောင်းဆောင် အဆောက်အအုံ ၅ဝ ကျော်၊ မ္တလေးမြို့တွင် ၇ဝ ကျော်ရှိသော တက္ကသိုလ်နှစ်ခု ဆောက်လုပ်ကာ နိုင်ငံတော်သို့ အပ်နှံခဲ့ပါသည်။
ထိုကျောင်းတိုက်ကြီး နှစ်တိုက်တွင် ပထမကြီးတန်းအောင်ရဟန်းတော် များနှင့် ဓမ္မာစရိယဘွဲ့ရပြီးသော ရဟန်း တော်များ သီတင်းသုံးလျက်ဆိုင်ရာ ကျမ်းစာများကို ပရိယတ္တိသာသနာ့ အကျိုးအတွက် ကြိုးစားသင်ယူတော် မူနေကြ၏။ ထိုတက္ကသိုလ်ကြီးများမှ       ''သာသနတက္ကသီလာမဟာဓမ္မာ စရိယ'' ဘွဲ့တံဆိပ်တော်ရ ရဟန်းတော်များ''        ''သာသနတက္ကသီလာဓမ္မာစရိယ'' ဘွဲ့တံဆိပ်တော်ရ ရဟန်းတော်များ များစွာ  ပေါ်ထွန်းလျက်ရှိသဖြင့် သာသနာတော်ကြီးအတွက် အားရဖွယ် ပင် ဖြစ်ပါသည်။ ထို့အပြင် ထည်ဝါ ခမ်းနားမှုဖြင့် ပြည့်စုံသော ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီးတစ်ရုံကို လည်း ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
ဆရာတော်ကြီးသည် ပြည်သူ့ အကျိုးပြုလုပ်ငန်းဖြစ်သည့် မိမိ သီတင်း သုံးရာ မင်းကွန်းကျေးရွာ ကျေးလက် ကျန်းမာရေးဆေးပေးခန်းပေါ်ပေါက် အောင် စီမံဆောင်ရွက်ခြင်း၊ မင်းကွန်း တိုက်နယ်ဆေးရုံ၊   ကျန်းမာရေးမှူး၊ ဆရာဝန်နှင့်  ဝန်ထမ်းနေအိမ်များ ဖြစ်ထွန်းပေါ်ပေါက်အောင် စီစဉ်ဆောင် ရွက်ပေးခဲ့ပါသည်။     ပညာရေးနှင့် ပတ်သက်၍ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း အဆင့်ဆင့်အထိ ကျောင်းအဆောက်အအုံများ ပေါ်ထွန်း အောင်လည်း စီမံဆောင်ရွက်ခဲ့၏။ ဆရာ တော်ကြီး၏ မွေးရာဇာတိဖြစ်သည့် မြင်းခြံမြို့နယ် ကျည်းပင်ရွာနှင့် သဲဖြူဝ ရွာတို့တွင် ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ပေးခြင်းတို့ကိုလည်း စီမံဆောင်ရွက်ပေးခဲ့၏။ မ္တလေးပရိ ယတ္တိသာသနဟိတအသင်း ဗိမာန်တော် ကြီးနှင့် မလွန်ဆန်လှူအသင်း ညီမူရာ ခန်းမကြီးများ ဖြစ်ထွန်းပေါ်ပေါက်ရေး အတွက် တရားဓမ္မများ ဟောကြား၍ စည်းရုံးဆောင်ရွက်တော်မူခဲ့ပါသည်။
ဆရာတော်ကြီးတရားဓမ္မ ဟော ကြားရာတွင် ပါဠိတော်ကြီးများကို အလေးထား ဟောပြောတော်မူ၏။ အသံသြဇာမှစ၍ ထူးခြားနေသော ကြောင့် တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည်သူအများက အထူးနှစ်သက် သဘောကျကြ၏။ မြန်မာနိုင်ငံဒေသ      မျိုးစုံသို့ လှည်း၊ လှေ၊ ဆိုက်ကား၊ ထွန် စက်၊ ကား စသည့်ယာဉ်ရထားမရွေးဘဲ ယာဉ် အမျိုးမျိုးဖြင့်ြ<ွကရောက်တော်မူပြီး တရားပွဲပေါင်း တစ်သောင်းခွဲကျော်ခန့် ဟောကြား တော်မူခဲ့ပါသည်။
ဆရာတော်ကြီးသည် တရားဓမ္မ များကို ဟောကြားရာ၍ ပါဠိတော် ကြီးများကို နှုတ်တက်အာဂုံဆောင်ပြီး အကျော်အလွှားမရှိ အစအဆုံးရွတ်ဆို ကာ ပါဌ်လျှောက်အနက်ပေး မြန်မာ ပြန်၍ အပြည့်အစုံဟောကြားပေးတော် မူပါသည်။  လိုအပ်လာပါလျှင်  အဌ ကထာ၊ ဋီကာပါဠိများကိုပင် ရွတ်ဆိုကာ ဂ္ထ္တရအဆိုအမိန့်၊ အာစရိယဝါဒ အယူ အဆများကိုပါ    ထည့်သွင်းလျက်             ရှင်းလင်းဖော်ထုတ်ဟောကြားတော်မူ      ခဲ့၏။
ထိုကဲ့သို့  ပါဠိတော်ကြီးများကို အာဂုံဆောင်ပြီး ဟောကြားရခြင်းကို ဆရာတော်ကြီးက  ''မြန်မာနိုင်ငံဗုဒ္ဓ ဘာသာဝင်များ  သာသနာတော် အတွက် ပစ္စည်းလေးပါးပေးလှူလျက် သူတို့ဘက်ကတာဝန်ကို သူတို့ကျေပွန်ပါ သည်။ ဘုရားဟောတရားတော်များကို ဘုရားဟောသည့်အတိုင်း သူတို့နား ရောက်အောင် ပို့မပေးလျှင်ဘုန်းကြီး တို့ဘက်က တာဝန်မကျေဘဲဖြစ်နေလိမ့် မည်။ သူတို့နားသို့ ဘုရားဟောတရား ရောက်စေချင်လို့ ပါဠိတော်ကို အာဂုံ ဆောင်ပြီး ဟောနေခြင်းဖြစ်ပါသည်။ ဘုန်းကြီးကတော့ ဘုရားဟောအရှိကို အရှိအတိုင်းဟောမှာပဲ၊ ပါဠိကိုရွတ်ပြီး ကိုယ်လိုရာဆွဲမဟောဘူး။ တရားစစ်စစ် ဟောတာပဲ  ကောင်းပါသည်'' ဟူ၍ ရှင်းပြခဲ့ဖူးပါသည်။
ဆရာတော်ကြီးသည်   မိမိ၏အသက်နှင့် ခန္ဓာကိုယ်ကို သာသနာ တော်ကြီးအား အပ်နှင်းထားသည့်ပမာ အသက်နှင့် ခန္ဓာမြဲနေသရွေ့သာသနာ အတွက် အကျိုးပြုလုပ်ငန်းများဖြင့်သာ အချိန်ကုန်စေခဲ့ပါသည်။ ဆရာတော်ကြီး ဘဝနတ်ကျောင်း ရွှေ့ပြောင်းစံဝင်တော် မူသွားသည်မှာ ၂၅ နှစ် ကျော်ကြာမြင့် ခဲ့ပြီဖြစ်၏။ အချိန်ကာလမည်မျှပင်ကြာညောင်းပါသော်လည်း ရဟန်းရှင်လူ တပည့်များ၏ နှလုံးသား၌ ထာဝရမော် ကွန်းတင်ကာ အမြဲပင်ရှင် သန်လျက်ရှိ နေကြပါတော့သတည်း။ ဦးကျော်စိန်(မန္တလေး)မြန်​မာ့အလင်း

No comments:

Post a Comment