Latest News

Thursday, February 22, 2018

သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေး ဂိတ်၌ တရားမဝင်သစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေး ဂိတ်၌ တရားမဝင်သစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ် ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့နံနက် ၁ဝ နာရီခန့်တွင် လားရှိုးမှ မူဆယ်ဘက်သို့ ကျော်ခိုင်(ဘ) ဦးအောင်စိန် မောင်းနှင်လာသော CANTER 6W အမျိုးအစား ယာဉ်အမှတ်၊ MDY 4M/ - - - နှင့် မြတ်သူ(ဘ)ဦးစိန်ကွန့် မောင်းနှင်လာသော CANTER 6W အမျိုးအစား ယာဉ်အမှတ်၊ YGN 7G/ - - - တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်တွင် တင်ဆောင်လာသော ပိတောက်သစ်လုံး ၁၃ လုံး (စုစုပေါင်း ၃ တန်ခန့်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့် တရားမဝင် သစ်များအား သိန်းနီမြို့မ ရဲစခန်းနှင့် လားရှိုးမြို့နယ် သစ်တောဦးစီး ဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြ၀တီ

No comments:

Post a Comment