Latest News

Thursday, February 8, 2018

ဆက်သွယ်ရေးကြိုးများခိုးယူနေသူကိုဖမ်းဆီးရမိ

ဆက်သွယ်ရေးကြိုးများခိုးယူနေသူကိုဖမ်းဆီးရမိ

မိုး​ကောင်း၊ ဖေဖေါ်ဝါရီ ၈

နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာသဖြင့် စစ်ဆေးရာမှ ဆက်သွယ်ရေးကြိုးများ ခိုးယူနေသူကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင်ဖေဖေါ်ဝါရီ ၇ရက်၊ ည ၇နာရီခန့်က နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ရွှေဘို၊ မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ အောင်မင်္ဂလာကျေးရွာအနီး၌ KENBO အစိမ်းရောင်ဖြင့် ပီနန်အိတ်နှင့် ထည့်ထားသော အထုတ်တစ်ထုပ်ကို ဂွကြားညှပ်လျှက် လူငယ်နှစ်ဦးရပ်နေသည်ကို မသင်္ကာသဖြင့် စစ်ဆေးရာ အဆိုပါပီနန်အိတ်အတွင်း ဆက်သွယ်ရေးကြိုးဟု ယူဆရသော အနက်ရောင်ကာဗာပါပေ ၁၅၀ခန့် အရှည်ရှိ ကြိုးခွေ(၃)ခွေနှင့် ဝါးရိုးတပ်ဓါးမတစ်ချောင်းကို တွေ့ရှိသဖြင့် စစ်မေးရာ မိုးကောင်းမြို့နယ်၊ အောင်ရှမ်းစုကျေးရွာ နေမျိုးထက်(ခ)သားငယ်(၂၅)နှစ်နှင့် ရဲရင့်ကိုကို(ခ)ညီစိန် (၂၄)နှစ်ဟု သိရှိရပြီး တစ်နေရာမှ ခိုးယူလာသည်ဟု ယူဆသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းကာ ဆက်လက်စစ်မေးရာ ခိုးရာပါပစ္စည်း လက်ခံဖျောက်ဖျက်သူကိုပါ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ဆက်သွယ်ရေးကြိုးများခိုးယူသူ မျိုးထက်(ခ)သားငယ် (၂၅)နှစ်နှင့် ရဲရင့်ကိုကို(ခ)ညီစိန် (၂၄)နှစ်ကို မိုးကောင်း၊ မြို့မရဲစခန်းမှရာဇသတ်ကြီးပုဒ်မ-၃၇၉/ကျင့်-၅၄ဖြင့် အမှုဖွင့်အရေးယူထားပြီး ခိုးရာပါပစ္စည်း လက်ခံဖျောက်ဖျက်သူများအား ရောင်းချဝယ်ယူထားသော ပစ္စည်းများကို သိမ်းဆည်း၍ အမှုဖွင့် အရေးယူရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်​မာ့အလင်း

No comments:

Post a Comment