Latest News

Thursday, February 8, 2018

အင်း​တော်​မြို့နယ်​အတွင်းမှဘိန်းဖြူ(၉၉၀)ဂရမ်​ဖမ်းမိ

အင်း​တော်​မြို့နယ်​အတွင်းမှဘိန်းဖြူ(၉၉၀)ဂရမ်​ဖမ်းမိ

ကသာ  ဖေဖော်ဝါရီ   ၈

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊အင်း​တော်​မြို့နယ်​နဘားလမ်းဆုံ​ နေရာမှ ဘိန်းဖြူအ​လေးချိန်​(၉၉၀)ဂရမ်​ကာလတန်​ဖိုး ကျပ်​သိန်း ၉၉၀၀၀၀၀၀ ဖိုးဖမ်းမိခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ  ဖေဖော်ဝါရီ  ၇ ရက်​​ ည ၉ နာရီအချိန်​ခန့်​တွင်​မူးယစ်​တပ်​ဖွဲ့စု(၆)ကသာမှရဲအုပ်​​ကျော်​စိုးလင်းဦး​ဆောင်​​သောမူးယစ်​ရဲတပ်​ဖွဲ့ဝင်​များ သည်​သက်​​သေများနှင့်​အတူအင်း​တော်​မြို့နယ်​၊​ရွှေဘို - မြစ်​ကြီးနား သွားကားလမ်း​ပေါ်ရှိနဘားလမ်းဆုံတွင်မူးယစ်​​ဆေးဝါးသတင်းအရ ​စောင့်​ဆိုင်း နေစဉ်​​ရွှေဘိုဘက်​မှ ဝင်​​ဇော်​ဦး(ခ)အားဖိန်​ ဆိုသူ​မောင်းနှင်​လာ​သော 4H ---- MARK -11 BLIT ယာဉ်​အားမသင်္ကာ၍ရပ်​တန့်​ စစ်​​ဆေးခဲ့ရာယာဉ်​၏တံခါးပိတ်​များအတွင်းသိုဝှက်​သယ်​​ဆောင်​လာ​သောဘိန်းဖြူမှုန့်​(၉၉၀)ဂရမ်​၊ကာလတန်​ဖိုးကျပ်​သိန်း ၉၉၀၀၀၀၀၀ ဖိုးအားရှာ​ဖွေစစ်​​ဆေး​တွေ့ရှိရသဖြင့်​ ဝင်း​ဇော်​ဦး(ခ)အားဖိန်​၊အိမ်​အမှတ်​(၇၈)၊​အောင်​မင်္ဂလာရပ်​၊မိုးကုတ်​မြို့​နေသူအားအင်း​တော်​မြို့မရဲစခန်းမှ မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေ​သော​ဆေးဝါးများဆိုင်​ရာ ဥပ​ဒေအရဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း ရဲအုပ်​​ကျော်​စိုးလင်း မှ​ပြောပြသိရှိရသည်​။
လူ​အောင်​(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment