Latest News

Thursday, February 8, 2018

မြွေများသယ်ဆောင်လာသည့်အမျိုးသားတစ်ဦးအား တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးဥပဒေဖြင့်အရေးယူ

မြွေများသယ်ဆောင်လာသည့်အမျိုးသားတစ်ဦးအား
တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးဥပဒေဖြင့်အရေးယူ

ကျောက်ဆည်ဖေဖော်ဝါရီ - ၈

ကျောက်ဆည်မြို့တွင် ဖေဖော်ဝါရီ(၆)ရက်နေ့က မြွေအရှင်များ သယ်ဆောင်လာသည့် အမျိုးသားတစ်ဦး အားတောရိုင်း တိရိစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေး၊သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာ ကျောက်ဆည်မြို့၊မြို့လယ်မီးပွိုင့်၊ရန်ကုန်-မန္တလေး ကားလမ်းတွင် အမှတ်(၉၂)ယာဉ်ထိန်းတပ် ဖွဲ့စုမှ ရဲအုပ်ကျော်စိုးလွင် ဦးဆောင်ပြီး စည်းကမ်းပျက်ယာဉ်များစစ်ဆေးနေစဉ် မန္တလေးဘက်မှမူဆယ်မြို့မြောက် ရပ်ကွက်နေ စိုင်းဆိုင်လင်း မောင်းနှင်လာသည့်မီးခိုးရောင် SHN 3J/----- WISH   WISHမော်တော်ယာဉ်အားမသင်္ကာ ၍ စစ်ဆေးရာ ကားပေါ်တွင်တောရိုင်းတိရိစ္ဆာန်များပါရှိလာသည်ဟုယူဆသောကြောင့် မြို့နယ်သစ်တောဦးစီးဌာ နသို့ဖုန်းဆက်အကြောင်းကြားခဲ့ရာ မြို့နယ်ဦးစီးအရာရှိဦးကျော်ထင်လတ်၊တောအုပ်ကြီးဦးသန့်ဇင်၊တောအုပ် ဦးသိန်းမြင့်၊ဦးအောင်ဇော်မင်း၊တောခေါင်းဦးခင်မောင်အေးတို့မှသွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရှိရသည်။ ထိုသို့စစ်ဆေးခဲ့ရာကားပေါ်တွင်မြွေများတင်ဆောင်သယ်လာကြောင်းသိရှိရသဖြင့်(မြို့မဘိနယ်)ရုံးအဝင်သို့ခေါ်ယူပြီး မြွေများအား အသေ၊အရှင်၊အဆိပ်ရှိ။မရှိ ခွဲခြားသိရှိနိုင်ရေးနှင့်အကောင်အရေ အတွက်သိရှိနိုင်ရေးအတွက် မန္တလေးရှိ ရတနာပုံတိရိစ္ဆာန်ဥယျာဉ်မှ ဒေါက်တာထွန်းထွန်းလင်းနှင့်ကျွမ်းကျင်ဆရာဝန်(၃)ဦးနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ထို့သို့စစ်ဆေးရာ လင်းမြွေ(၁၆၂)ကောင်၊မြွေပွေး(၁၂၆)ကောင်၊မြွေဟောက် (၄၈)ကောင်ဖြစ်ကြောင်းသိရှိရပြီး မြွေများကိုမြို့နယ်သစ်တောဦးစီးဌာနတွင်ယာယီထိန်းသိမ်းထားပြီးမြွေများကို လက်ဝယ်ထားရှိသယ်ဆောင်သူ စိုင်းဆိုင်လင်းအားတောအုပ်ကြီးဦးသန့်ဇင်က ဖေဖော်ဝါရီ(၇)ရက်နေ့(၂)နာရီ ငါးမီနစ်အချိန်တွင်အမှုဖွင့်တိုင်ကြားသဖြင့်မြို့မရဲစခန်းမှ (ပ)၁၁၁။၂၀၁၈ တောရိုင်းတိရိစ္ဆာန်ဥပဒေဖြင့် အရေးယူ ထားကြောင်းသိရှိရသည်။
 သက်မောင်(ကျောက်ဆည်)မြန်​မာ့အလင်း

No comments:

Post a Comment