Latest News

Wednesday, February 7, 2018

ဗိုလ်ချုပ်အောင်ဆန်း(၁ဝ၃)နှစ်ပြည့်မွေးနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဗိုလ်ချုပ်အောင်ဆန်း(၁ဝ၃)နှစ်ပြည့်မွေးနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

အောင်ပန်း ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲ ကျင်းပရေးကော်မတီ က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့ကို  ဗိုလ်ချုပ်အောင်ဆန်း(၁ဝ၃)နှစ်ပြည့်မွေးနေ့ အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း(၁ဝ၃)နှစ်ပြည့် မွေးနေ့တွင်  ဗိုလ်ချုပ်အောင်ဆန်းအားရည်စူး၍ မြို့ပေါ်ဘုန်းတော်ကြီး ကျောင်းများမှဆရာတော်ကြီးများကို ပင့်ဖိတ်၍ အရုဏ် ဆွမ်းကပ် တရားတော်နာယူခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ အားကစားပြိုင်ပွဲ၊ စာပေဆောင်းပါး၊ ကဗျာရွတ်၊ စာစီစာကုံး၊ ကလေးပန်းချီဆေးရောင်ချယ်ပြိုင်ပွဲ၊  ကျပန်းစကားပြော ပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲ၊ သီချင်းဆို ပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ မူကြိုအရွယ်ကလေးငယ် များ၊ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားလူငယ်များ၊  အလွတ် တန်းလူငယ်များ  ဝင်ရောက်ယှဉ်ပြိုင်ကြသူများမှ ဆုရ ထူးချွန်သူများအား ဆုချီးမြှင့်ခြင်းများဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ထူးချွန်ပြိုင်ပွဲ များကို ဇန်နဝါရီလမှ စတင်ကျင်းပခဲ့ရာ စာစီစာကုံးပြိုင်ပွဲ တွင် ၂၂၉ ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ၄၆ ဦး၊ ကဗျာရေးပြိုင်ပွဲ တွင် ၃၄ ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ၂၃ ဦး၊ ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲတွင် ကိုးဦး၊ သီချင်းဆိုပြိုင်ပွဲ တွင် ၆၄ ဦး၊ မူကြိုအရွယ်အားကစားပြိုင်ပွဲတွင် ၁ဝဝ၊ ကလေးပန်းချီပြိုင်ပွဲတွင် ၂၂ ဦး စုစုပေါင်းလူငယ်လူရွယ် ၅၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 အဆိုပါ ပြိုင်ပွဲများမှ ဆုရထူးချွန်သူ ၄ဝ ဦးအား  ထူးချွန်ဆုပေးခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပ ရေးအတွက်  ပါဝင်လှူဒါန်းကြသော  စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ အခမ်းအနားကို၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း(၁ဝ၃)နှစ်ပြည့်မွေးနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် မွေးနေ့ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။ ဇော်သိန်းရည်(​ကြေးမှုံ)

No comments:

Post a Comment